အသက် (၃၄) နှစ်ပြည့်မွေးနေ့ကို သူငယ်ချင်းတွေပေးတဲ့ မွေးနေ့ကိတ်လေးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ လွှမ်းပိုင်
အဆိုတော်လွှမ်းပိုင်ကတော့ ရဲလေးရဲ့ “နှုတ်မဆက်ချင်ဘူး” သီချင်းမှာ ပါဝင်သီဆိုရင်းနဲ့ တစ်နိုင်ငံလုံးမှာ အောင်မြင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ “ဒုံးပျံ”၊ “ဂီတစာဆို”၊ “ဂီတဗေဒ ” စတဲ့ သီချင်းအယ်လ်ဘမ်တွေကို ထွက်ရှိထားတဲ့ လွှမ်းပိုင်ဟာ အဆိုတော်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေလျက်ရှိပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၁) ရက်နေ့ကတော့ လွှမ်းပိုင်ရဲ့ မွေးနေ့လေးကျရောက်တာပဲ ဖြစ်ပါတယ်။ လွှမ်းပိုင်ဟာ ဒီကနေ့ မွေးနေ့မှာ အသက် (၃၄) နှစ်ပြည့်မွေးနေ့ကိုကျရောက်တာဖြစ်ပြီး သူငယ်ချင်းတွေက မွေးနေ့အမှတ်တရကိတ်လေးလက်ဆောင်ပို့ပေးကာ သူ့ရဲ့မွေးနေ့လေးကို ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
လွှမ်းပိုင်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သူ့ရဲ့ချစ်သူ Bobby Soxer နဲ့အတူတူ မွေးနေ့ဖြတ်သန်းခဲ့ပြီး Bobby Soxer ကလည်း လွှမ်းပိုင်ရဲ့မွေးနေ့တွေတိုင်းမှာ ည (၁၂) နာရီအတိတိုင်း မွေးနေ့ကိတ်လေးနဲ့ Surprise လုပ်ပေးတတ်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် လွှမ်းပိုင်နဲ့ Bobby Soxer တို့ဟာ လမ်းခွဲခဲ့ကြပြီမို့ လွှမ်းပိုင်ဟာ Bobby Soxer မပါတဲ့ မွေးနေ့ကို ပထမဦးဆုံးအကြိမ်ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Hlwan Paing’s fb