အသက် (၂၉) နှစ်ပြည့်မွေးနေ့မှာ မမှတ်မိနိုင်လောက်အောင်အရမ်းလှနေတဲ့ မွေးနေ့ရှင်လေး Bobby Soxer

လူငယ်ကြိုက်အဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ Bobby Soxer ကတော့ Rap သီချင်းတွေနဲ့ အောင်မြင်ခဲ့သလို နှစ်ပေါင်းများစွာတိုင် ကြည်နူးစရာကောင်းတဲ့ သူမရဲ့ အချစ်ရေးလေးကြောင့်လည်း ပရိသတ်တွေရဲ့ အားကျခြင်းကိုခံရသူဖြစ်ပါတယ်။ Bobby Soxer ဟာ သီချင်းဆိုကောင်းသလို ဖက်ရှင်ကျသူတစ်ယောက်လည်းဖြစ်ပြီး သူမရဲ့ဝတ်ပုံစားပုံ ဖက်ရှင်တွေဟာလည်း ယနေ့ထိတိုင် လူငယ်တွေကြားထဲမှာ ရေပန်းစားနေဆဲပဲဖြစ်ပါတယ်။

ဒီကနေ့ မေလ (၂၂) ရက်နေ့ကတော့ Bobby Soxer ရဲ့ အသက် (၂၉) နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ Bobby Soxer က သူမရဲ့မွေးနေ့မှာ ထူးထူးခြားခြားအလှဓာတ်ပုံလေးတွေတင်ရင်း “Happy Birthday To Me 🎉🎂🎊❤️ ✨Age Unregretfully✨ ဘဝရဲ့ ပျော်စရာ ဝမ်းနည်းစရာ ကြည်နူးစရာ တချို့ အချိန်လေးတွေကို တချိန်ပြန်ကြည့်ရင် အမှတ်ရနေနိုင်အောင် ဘယ်နှစ်တုန်းကဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲဆိုတာမျိုးလေးတွေကို ဓါတ်ပုံလေးပြန်ကြည့်မိတိုင်း မှတ်မိနေအောင်လို့ အခိုက်အတန့်တချို့ကို မှတ်တမ်းတင်ထားပါရစေ နော် ❤️☘️ ” ဆိုပြီး မျှဝေလာပါတယ်။

Bobby Soxer ကတော့ အသက်တစ်နှစ်ကြီးလာတဲ့ မွေးနေ့မှာ အရင်ကထက်ပိုလှလာပြီး အရမ်းချောနေတာကို တွေ့ရပါတယ်နော်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး Bobby Soxer အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source:Bobby Soxer ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source:Bobby Soxer ‘s fb

error: Alert: Content is protected !!