အသက် (၁၃) နှစ်အောက်မကြည့်ဖို့ ကန့်သတ်ထားတဲ့ “သဘင်သည်မြနှင်းဆီ” မြန်မာသရဲဇာတ်လမ်းတွဲ
ဇာတ်လမ်းချစ်သူပရိသတ်တွေအနေနဲ့ အခြေအနေအမျိုးမျိုးကြောင့် ဇာတ်ကားသစ်တွေ ရုပ်ရှင်အသစ်တွေ မကြည့်ရှုရတာ တော်တော်လေးကြာခဲ့ပြီထင်ပါတယ်နော်။ ဒါပေမယ့် ဇာတ်လမ်းတွဲတွေကတော့ ရုပ်သံလိုင်းတွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ထုတ်လွှင့်ပြသနေလျက်ရှိပြီး ဒီတစ်ခါမှာလည်း ပရိသတ်တွေကို စိတ်ဝင်စားစေမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲအသစ်က မကြာခင်အတွင်း ပြသသွားတော့မှာပဲဖြစ်ပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲအမည်ကတော့ “သဘင်သည်မြနှင်းဆီ” လို့ အမည်ရပြီး ဒီရုပ်သံဇာတ်လမ်းတွဲကို စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးမှ တင်ဆက်တာဖြစ်ပြီး LOVE TV မှ ဖန်တီးရိုက်ကူးပုံဖော်ပေးထားတာပဲ ဖြစ်ပါတယ်။ “သဘင်သည်မြနှင်းဆီ” ဇာတ်လမ်းတွဲဟာ နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေတဲ့ မြန်မာအငြိမ့်မင်းသမီးတစ်ဦးအကြောင်း ရိုက်ကူးထားသည့် မြန်မာသရဲဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။
“သဘင်သည်မြနှင်းဆီ” ဇာတ်လမ်းတွဲဟာ ပိုစတာဓာတ်ပုံထွက်ရှိကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများအပြားရရှိနေတာဖြစ်ပြီး ဒီကနေ့မှာလည်း ပထမဦးဆုံး Promo Teaser ထွက်ရှိလို့လာပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် “သဘင်သည်မြနှင်းဆီ” ဇာတ်လမ်းတွဲ Promo Teaser လေးကိုမျှဝေပေးရင်း ဇာတ်ကားထွက်ရှိလာမယ့်နေ့ကို စောင့်မျှော်ပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: သဘင်သည်မြနှင်းဆီ – The Series’s fb
ဇော်ဂျီဖြင့်ဖတ်ရန်