အသက်လေးဆယ်ကျော်အရွယ်ရဲ့ ဘဝရဲ့ပထမဦးဆုံးတက်တူးကို ချစ်ဇနီးလေးနာမည်ထိုးလိုက်တဲ့ ပိုင်ဇေရဲထွန်း

တချိန်က မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ချစ်ခံရတဲ့ မင်းသားပိုင်ဇေရဲထွန်းကတော့ အောင်မြင်နေဆဲအချိန်မှာပဲ အိမ်ထောင်ပြုခဲ့ပြီး အခုဆိုရင် သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ အသက်အများကြီးငယ်တဲ့ ဇနီးသည်ကို ပိုင်ဆိုင်ထားပေမယ့် ခင်ပွန်းနဲ့ သားသမီးတွေအပေါ် တာဝန်ကျေပွန်တဲ့ ဇနီးအလိမ္မာလေးကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးတစ်တွဲပါပဲ။

ဒီကနေ့မှာတော့ ပိုင်ဇေရဲထွန်းက သူ့ရဲ့ချစ်ဇနီးအပေါ် သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို သက်သေပြလာတာကို တွေ့ရပါတယ်။ ပိုင်ဇေရဲထွန်းက သူ့ရဲ့အသက် (၄၅) နှစ်အရွယ်မှာ ပထမဦးဆုံးအကြိမ်ထိုးတဲ့ တက်တူးကို သူ့ဇနီးရဲ့နာမည်အတိုကောက်နဲ့ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ Date လေးကို လက်မောင်းမှာထိုးခဲ့တာပဲဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံကတော့ အခုဆိုရင် အိမ်ထောင်သက်တမ်း (၁၈) နှစ်နီးပါးရှိနေပြီဆိုပေမယ့် တစ်ယောက်အပေါ်တစ်ယောက်မေတ္တာမပျက်ပဲ အချစ်တွေပိုလို့တောင်တိုးလာသေးတာပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းကတော့ မိန်းမကိုချစ်တတ်တဲ့နေရာမှာတော့ တကယ့်ကိုပြိုင်စံရှားတစ်ယောက်ပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Zay Ye Tun’s fb

error: Alert: Content is protected !!