အသက်လောက်ထိချစ်ရတဲ့ခွေးလေး ရုတ်တရက်သေဆုံးသွားတဲ့အတွက် မခံစားနိုင်အောင်ဝမ်းနည်းနေတဲ့ ဝေလာရီ

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးလေး ဝေလာရီက ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ ဝေလာရီက အဆိုတော် လိမ္မော်သီးရဲ့ ညီမအရင်းဖြစ်ပြီး လိမ္မော်သီးနဲ့အတူတူ သီချင်းတွေလည်း သီဆိုလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လူလေးလှသလို နှလုံးသားလေးလည်း နူးညံ့တဲ့ဝေလာရီဟာ ဒီကနေ့မှာတော့ သူမရဲ့အချစ်ဆုံးခွေလေး သေဆုံးသွားတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။

ဝေလာရီက “မမ ချစ်ဆုံး မီးမီး ဘရန်ဒီလေး ဆုံးပါပြီ။ မီးလေးရယ် မမရင်တွေကွဲပါပြီ။ အရမ်းကို သိတတ်လိမ္မာလွန်းတဲ့ ကလေးလေး တစ်ခါမှ ဂျီမကျဖူးဘူး။တစ်ခါမှ မမတို့ကို ဒုက္ခမပေးဖူးတဲ့ ကလေးလေး.. ဟိုးသေးသေးလေး ၄၅ ရက်သားထဲက မမလိုင်းပေါ်မှာတွေ့ပြီး မီးလေးကို မြင်မြင်ချင်း ချစ်လွန်းလို့ တကူးတက ပြေးဝယ်ပြီး တယုတယ မွေးခဲ့တာနော်။ မမနဲ့ စားအတူ အိပ်လည်း တူတူ မမနဲ့ တကုတင်ထဲအိပ်တဲ့ မီးလေး … မမက မီးလေးကို အရမ်းချစ်တယ်နော်။ ရုတ်တရက်ကြီး မမဖြေမဆည်နိုင်ဘူး မီးလေးရယ်။ မီးလေးကို မမ မိသားစုပြီးရင် အချစ်ဆုံး၊ မီးလေးက မမတို့ မိသားစုဝင်ပဲနော်။ အငယ်ဆုံးလေး အပြင်ကပြန်လာရင် ကြိုရတာအမော၊ အခန်းထဲကို တောက်တောက်တောက်တောက်နဲ့ ဝင်လာတဲ့ ခြေသံလေး မကြားရတော့ဘူးပေါ့နော်။ ရှုးရှုးတို့ အီအီးတို့ဆိုလည်း သူ့အိမ်သာလေးနဲ့ သူသွားတာ။ ဒီလောက်လိမ္မာတာ မီးလေးရဲ့ ခေါင်းအစ ခြေအဆုံး နားရွက်လေးကအစ အပြုအမူလေးတွေအရမ်းချစ်ဖို့ကောင်းတာ။ ဒီအရွယ်ထိ မမ နဲ့ တစ်အိပ်ယာတည်း အိပ်တာ။ ခရီးတွေသွားတောင် မရမက ခေါ်တာ။ မမက မီးလေးကို အရမ်းချစ်တာပါနော် မီးလေးရယ်.. မမအသည်းတွေကွဲပြီ မီးလေးရယ် … မီးလေး ကောင်းရာဘုံဘဝမှာ အေးချမ်းစွာနေပါတော့နော်။ မမ ထာဝရ လွမ်းနေရတော့မှာ။ မီးလေးကို မမအသက်လောက်ထိ ချစ်တယ်နော်။ မမရဲ့ အချစ်ဆုံး ဘရန်ဒီလေး 💕 Brandy ( ဘရန်ဒီ ) November 2016 to 6 June 2022 💔” ဆိုပြီး ရင်ဖွင့်လာပါတယ်။

ဝေလာရီကတော့ သူမအချစ်ဆုံးခွေးလေး ရုတ်တရက်သေဆုံးသွားခဲ့တာမို့ အသည်းတွေကွဲရတဲ့အထိကို ခံစားနေရတာပဲဖြစ်ပါတယ်။ တိချစ်သူတိုင်း ဝေလာရီရဲ့ လက်ရှိခံစားချက်လေးကို စာနာနားလည်ပြီး ထပ်တူခံစားနိုင်ကြမယ်ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wai Lar Ri’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အသက္ေလာက္ထိခ်စ္ရတဲ့ေခြးေလး ရုတ္တရက္ေသဆုံးသြားတဲ့အတြက္ မခံစားႏိုင္ေအာင္ဝမ္းနည္းေနတဲ့ ေဝလာရီ

ခ်စ္စရာေကာင္းတဲ့ အၿပဳံးေလးေတြနဲ႔ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို ရရွိထားတဲ့ မင္းသမီးေလး ေဝလာရီက ဇာတ္လမ္းတြဲေတြနဲ႔ ေအာင္ျမင္သူတစ္ေယာက္ ျဖစ္ပါတယ္။ ေဝလာရီက အဆိုေတာ္ လိေမၼာ္သီးရဲ႕ ညီမအရင္းျဖစ္ၿပီး လိေမၼာ္သီးနဲ႔အတူတူ သီခ်င္းေတြလည္း သီဆိုေလ့ရွိသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လူေလးလွသလို ႏွလုံးသားေလးလည္း ႏူးညံ့တဲ့ေဝလာရီဟာ ဒီကေန႔မွာေတာ့ သူမရဲ႕အခ်စ္ဆုံးေခြေလး ေသဆုံးသြားတဲ့အတြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္ေနတာကို ေတြ႕ရပါတယ္။

ေဝလာရီက “မမ ခ်စ္ဆုံး မီးမီး ဘရန္ဒီေလး ဆုံးပါၿပီ။ မီးေလးရယ္ မမရင္ေတြကြဲပါၿပီ။ အရမ္းကို သိတတ္လိမၼာလြန္းတဲ့ ကေလးေလး တစ္ခါမွ ဂ်ီမက်ဖူးဘူး။တစ္ခါမွ မမတို႔ကို ဒုကၡမေပးဖူးတဲ့ ကေလးေလး.. ဟိုးေသးေသးေလး ၄၅ ရက္သားထဲက မမလိုင္းေပၚမွာေတြ႕ၿပီး မီးေလးကို ျမင္ျမင္ခ်င္း ခ်စ္လြန္းလို႔ တကူးတက ေျပးဝယ္ၿပီး တယုတယ ေမြးခဲ့တာေနာ္။ မမနဲ႔ စားအတူ အိပ္လည္း တူတူ မမနဲ႔ တကုတင္ထဲအိပ္တဲ့ မီးေလး … မမက မီးေလးကို အရမ္းခ်စ္တယ္ေနာ္။ ႐ုတ္တရက္ႀကီး မမေျဖမဆည္ႏိုင္ဘူး မီးေလးရယ္။ မီးေလးကို မမ မိသားစုၿပီးရင္ အခ်စ္ဆုံး၊ မီးေလးက မမတို႔ မိသားစုဝင္ပဲေနာ္။ အငယ္ဆုံးေလး အျပင္ကျပန္လာရင္ ႀကိဳရတာအေမာ၊ အခန္းထဲကို ေတာက္ေတာက္ေတာက္ေတာက္နဲ႔ ဝင္လာတဲ့ ေျခသံေလး မၾကားရေတာ့ဘူးေပါ့ေနာ္။ ရႈးရႈးတို႔ အီအီးတို႔ဆိုလည္း သူ႔အိမ္သာေလးနဲ႔ သူသြားတာ။ ဒီေလာက္လိမၼာတာ မီးေလးရဲ႕ ေခါင္းအစ ေျခအဆုံး နား႐ြက္ေလးကအစ အျပဳအမူေလးေတြအရမ္းခ်စ္ဖို႔ေကာင္းတာ။ ဒီအ႐ြယ္ထိ မမ နဲ႔ တစ္အိပ္ယာတည္း အိပ္တာ။ ခရီးေတြသြားေတာင္ မရမက ေခၚတာ။ မမက မီးေလးကို အရမ္းခ်စ္တာပါေနာ္ မီးေလးရယ္.. မမအသည္းေတြကြဲၿပီ မီးေလးရယ္ … မီးေလး ေကာင္းရာဘုံဘဝမွာ ေအးခ်မ္းစြာေနပါေတာ့ေနာ္။ မမ ထာဝရ လြမ္းေနရေတာ့မွာ။ မီးေလးကို မမအသက္ေလာက္ထိ ခ်စ္တယ္ေနာ္။ မမရဲ႕ အခ်စ္ဆုံး ဘရန္ဒီေလး 💕 Brandy ( ဘရန္ဒီ ) November 2016 to 6 June 2022 💔” ဆိုျပီး ရင္ဖြင့္လာပါတယ္။

ေဝလာရီကေတာ့ သူမအခ်စ္ဆံုးေခြးေလး ရုတ္တရက္ေသဆံုးသြားခဲ့တာမို့ အသည္းေတြကြဲရတဲ့အထိကို ခံစားေနရတာပဲျဖစ္ပါတယ္။ တိခ်စ္သူတိုင္း ေဝလာရီရဲ့ လက္ရိွခံစားခ်က္ေလးကို စာနာနားလည္ျပီး ထပ္တူခံစားနိုင္ၾကမယ္ထင္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Wai Lar Ri’s fb

error: Alert: Content is protected !!