အသက်ထက်ပိုချစ်တယ်ဆိုတဲ့ ကျားပေါက်ရဲ့စကားတစ်ခွန်းကြောင့် ကြည်နူးမဆုံးဖြစ်ခဲ့ရကြောင်းပြသလာတဲ့ ဆွိဝတ်ရည်သောင်း
သရုပ်ဆောင်ဆွိဝတ်ရည်သောင်းကတော့ ပရိသတ်ကြီးသိပြီးသားအတိုင်း ချစ်စရာကောင်းတဲ့ သီချင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆွိဝတ်ရည်သောင်းဟာ အနုပညာလှုပ်ရှားမှု နည်းပါးပေမယ့် ပရိသတ်တွေကတော့ သူမရဲ့ လှုပ်ရှားမှုတိုင်းကို အားပေးစောင့်ကြည့်နေဆဲပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဆွိဝတ်ရည်သောင်းက အနုပညာအလုပ်တွေ မလုပ်ကိုင်ဖြစ်ပဲ သူမရဲ့ချစ်သူ အဆိုတော် ကျားပေါက်နဲ့သာ သာယာတဲ့နေ့ရက်တွေကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။
ချစ်သူသက်တမ်း တစ်နှစ်ကျော်ရှိလာခဲ့ပြီဖြစ်တဲ့ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့က တစ်ယောက်ကိုတစ်ယောက် အရမ်းသံယောဇဉ်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆွိဝတ်ရည်သောင်းက သူမက ချစ်လား လို့မေးတဲ့မေးခွန်းအပေါ် အသက်ထက်ပိုချစ်တယ်လို့ ပြန်ဖြေတဲ့ ကျားပေါက်ရဲ့အဖြေကြောင့် တော်တော်လေးကြည်နူးပီတိဖြစ်ခဲ့ရပြီး ကျားပေါက်ကလည်း သူ့ကို ချွဲနေတဲ့ ဆွိဝတ်ရည်သောင်းကြောင့် အလုပ်ထဲအာရုံမစိုက်နိုင်တဲ့အထိ သဘောကျခဲ့ရကြောင်းကို ဝေမျှထားပါတယ်။
ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ရဲ့အချစ်ရေးကတော့ အစပိုင်းမှာ ပရိသတ်တွေရဲ့ဝေဖန်မှုကိုရရှိခဲ့ပေမယ့် သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်ဖေးမရင်းနဲ့ပဲ ရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ်။ ကျားပေါက်တို့ချစ်သူနှစ်ယောက် အခုလိုပဲ အမြဲချစ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Han Htue Lwin’s fb