အသက်တွေကိုရင်းပြီး ဒုက္ခအတူတူခံခဲ့ကြတဲ့ PDF ရဲဘော်တွေကို သတိရကြောင်း ရင်ဖွင့်ပြောပြလာတဲ့ သရုပ်ဆောင် ဟိန်းထက်

MRTV 4 သရုပ်ဆောင် ဟိန်းထက်ကတော့”အရိပ်”၊ “ငွေစက္ကူ (၇) ရွက်” စတဲ့ ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဟိန်းထက်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအတွက် PDF တပ်ဖွဲ့ဝင်အဖြစ် လွတ်မြောက်နယ်မြေမှာ ခိုလှုံနေခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း တော်လှန်ရေးအတွက် သွေးအေးသွားခြင်းမရှိသေးတဲ့ ဟိန်းထက်ဟာ မင်းသီဟကျော်ဆိုတဲ့ နာမည်ကို ပြောင်းလဲအသုံးပြုနေလျက်ရှိပြီး ဒီကနေ့မှာလည်း သူနဲ့တောထဲမှာအတူတူဒုက္ခခံခဲ့ကြတဲ့ ရဲဘော်တွေကိုသတိရကြောင်း အခုလိုပဲပြောလာပါတယ်။

ဟိန်းထက်က “လွမ်းတယ်ရဲဘော်တို့…မင်းတို့ကို လွမ်းတယ်…ထမင်းကြမ်းကိုငါးနီတူလေး နှစ်ကောင်နဲ့ ဒယ်အိုးအဖုံးထဲ ထည့်ပြီး ခေါင်းချင်းဆိုင် လက်စုံစားခဲ့တဲ့အချိန်တွေ လွမ်းတယ်။ အိပ်စရာမရှိလို့ မီးလေးဖိုပြီး ချောင်းဘေးမှာ တာလဘက်တွေခင်းပြီးအိပ် ကင်းထိုးခံရတာတောင်အပြုံးမပျက်တဲ့ မင်းတို့ကို လွမ်းတယ်။ ကြက်တစ်ကောင်လုံးတစ်ယောက်ထဲစားတဲ့ကောင်တွေ တောထဲရောက်တော့ အသားစားချင်လို့ မဖမ်းတတ်ဖမ်းတတ်နဲ့ ငါးဆင်းဖမ်းရင်း လက်ညှိုးလောက်ငါးလေးကို အတူတူ မျှစားခဲ့တဲ့အချိန်တွေလွမ်းတယ်။ မိုးအရမ်းသဲပြီး ချောင်းရေကြီးလို့ ဒုက္ခရောက်နေတဲ့သူတွေကို သူများတွေလိုထိုင်ရီမနေပဲ သက်စွန့်စံဖျား ကူညီကြတဲ့မင်းတို့ ကိုလွမ်းတယ်။ တစ်ချို့က ပြန်မစုံနိုင်တော့ပေမယ့် တစ်ချို့ကိုတော့ ပြန်စုံချင်သေးတယ်။ ***မင်းတို့ကို ငါလွမ်းတယ်…***” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။

ဟိန်းထက်ကတော့ ရည်မှန်းချက်ချင်းတူပြီး အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းညီအစ်ကိုတွေကို သတိရကြောင်း ပြောလာတာပဲဖြစ်ပါတယ်။ ဟိန်းထက်နဲ့တကွ ရဲဘော်တွေအားလုံး ဘေးကင်းပြီး ပျော်ရွှင်စွာပြန်ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Min Thiha Kyaw’s fb

error: Alert: Content is protected !!