အသက်တစ်နှစ်ကြီးလာခဲ့တဲ့မွေးနေ့မှာ တစ်ခါမှမဝတ်ရဲတဲ့ အမိုက်စားစတိုင်လ်နဲ့ ပရိသတ်ရှေ့ကို ထွက်ပေါ်လာခဲ့တဲ့ နန်းစန္ဒာလှထွန်း

MRTV 4 မင်းသမီးတစ်လက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းဟာ ပဉ္စလက်ရွာ၊ အရိပ်၊ ကျွန်တော်အမုန်းဆုံးကျွန်တော် စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက သရုပ်ဆောင်တစ်ယောက်ပီပီ ဇာတ်လမ်းဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ခဲ့ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဆိုတဲ့ ဇာတ်ကားနဲ့လည်း လူကြိုက်များနေလျက်ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ(၂၂) ရက်နေ့ကတော့ နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက သူမရဲ့မွေးနေ့မှာ ထူးထူးခြားခြားလေးဖြစ်အောင် စီစဉ်ထားကြောင်း “Happy Birthday to all the June born ပါ ✨ နန်းနန်းကိုအမြဲတန်း ရိုးရိုးရှင်းရှင်းstyle လေးနဲ့ပဲတွေ့မြင်ဖြစ်တာများတယ်။ ၂၀ ကျော်အသက်ရဲ့အမျိုးသမှီးလေးမှာ နန်းနန်းကကိုယ့်ကိုယ်ကို self challenge လေးတစ်ခုလုပ်လိုက်တာပါ။ နန်းနန်း မလုပ်ရဲတဲ့ မဝတ်ရဲတဲ့ style တွေ စိတ်ကူးယဉ်ပြီး ချစ်ရတဲ့ Shooting Team နဲ့တိုင်ပင်ပြီး ရိုက်ထားတာလေးကို ချပြလိုက်တာပါရှင့်။ ပြောရမယ်ဆိုရင်တော့ ဒါဟာ နန်းနန်းရဲ့ self improvement လေးတစ်ခုလို့ပြောလို့ရပါတယ်။နောင်နှစ်တိုင်းမှာလည်း self improvement လုပ်ဖို့ကြိုးစားပါမယ်။ ဒီပုံတွေကိုကြည့်တဲ့ ပရိတ်သတ်တွေလည်း နန်းနန်းရဲ့ တိုးတက်မူ ထူးခြားမူကို ထပ်တူခံစားနိုင်ဖို့လည်း မျှော်လင့်ပါတယ် 🥰🙏” ဆိုပြီး ပြောလာပါတယ်။

နန်းစန္ဒာလှထွန်းကတော့ သူမရဲ့အသက်တစ်နှစ်ကြီးလာတဲ့မွေးနေ့မှာ သူမကိုယ်သူမတိုးတက်ပြောင်းလဲမှုတွေပြုလုပ်နေသလို အခုတစ်ခါမှာလည်း အပြင်ပိုင်းအပြင်အဆင်အနေနဲ့ ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူမရဲ့ပုံရိပ်သစ်ကို ချပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့မွေးနေ့ရှင်လေး နန်းစန္ဒာလှထွန်းအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nan Sandar Hla Htun ‘s fb

error: Alert: Content is protected !!