အသက်တစ်နှစ်ကြီးလာခဲ့တဲ့ မွေးနေ့မှာ တစ်နေကုန်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး ဖြတ်သန်းခဲ့တဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း သူမကို အားပေးလက်ခံကြတာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ ဝတ်မှုံရွှေရည်ဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေရပ်နားထားပြီး သူမရဲ့ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့ကတော့ ပရိသတ်ကြီးသိပြီးသားအတိုင်း ဝတ်မှုံရွှေရည်ရဲ့ အသက် (၃၄) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အသက်တစ်နှစ်ကြီးလာတဲ့မွေးနေ့မှာ မနက်ပိုင်း ရွှေတိဂုံဘုရားဖူးပြီး ကုသိုလ်ယူခဲ့သလို နေ့လည်ပိုင်းမှာလည်း သူမတို့မိသားစုကိုးကွယ်တဲ့ ဆရာတော်ကြီးကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ရင်း ကုသိုလ်တွေနဲ့ ဖြန်သန်းခဲ့တာပဲဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မွေးနေ့မှာ ကုသိုလ်တွေယူရင်း အကျိုးရှိရှိဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ ကစ်ကစ်တစ်ယောက် မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုတွေဆက်လက်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wutt Hmone Shwe Yi’s fb

error: Alert: Content is protected !!