အဝေးရောက်နေပေမယ့်လည်း ပြင်ဦးလွင်မြို့ကဟိုတယ်မှာ ဝါဆိုသင်္ကန်းကပ်လှူပြီး ဝန်ထမ်းတွေအတွက် အလှူလုပ်ခဲ့တဲ့ စမိုင်းလ်

ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီးနောက် နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ပြီး မြန်မာပြည်ပြန်ရောက်လာချိန်မှာတော့ သာမာန်ချမ်းသာသူတွေတောင်လိုက်မမှီနိုင်တဲ့အထိ ငွေကြေးဥစ္စာပြည့်ဝလာခဲ့တာပဲဖြစ်ပါတယ်။ စမိုင်းလ်ဟာ အလှူအတန်းတွေနဲ့ ကောင်းမှုကုသိုလ်တွေလည်း အမြဲတမ်းပြုလုပ်လေ့ရှိသလို လူတကာမလုပ်နိုင်တဲ့အထိ ပရိဟိတအလှူတွေကို ငွေကုန်ကြေးကျလှူဒါန်းတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၁) ရက်နေ့မှာတော့ စမိုင်းလ်တို့ မိသားစုဟာ သူတို့ပိုင်ဆိုင်တဲ့ ပြင်ဦးလွင်မြို့က ဟိုတယ်မှာ အောင်ဇမ္ဗူတောရဆရာတော်ကို ဝါဆိုသင်္ကန်းကပ်လှူခဲ့တယ်လို့ သိရပါတယ်။ စမိုင်းလ်တို့မိသားစုတစ်ခုလုံးဟာ အမေရိကားမှာရောက်ရှိနေပေမယ့် ပြင်ဦးလွင်မြို့က ဟော်တယ်မှာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ရင်း ဟိုတယ်ဝန်ထမ်းတွေအတွက်လည်း ဆန်အိတ်တွေလှူူဒါန်းပေးခဲ့တယ်လို့ စမိုင်းလ်က သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

စမိုင်းလ်တို့မိသားစုကတော့ အဝေးရောက်နေပေမယ့်လည်း ပြင်ဦးလွင်မြို့ကဟိုတယ်မှာ ဝါဆိုသင်္ကန်းကပ်လှူပြီး ဝန်ထမ်းတွေအတွက်လည်း မမေ့မလျော့ပဲ ဆန်အိတ်တွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ရဲ့ ကုသိုလ်ကိုကြည့်ပြီး ထပ်တူပီတိဖြစ်နေမယ် ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Smile’s fb

error: Alert: Content is protected !!