အလှ အပ နဲ့ ပတ်သက် ပြီး စိတ်မဝင်စား တော့တာကြာခဲ့ ပြီ လို့ ဖွင့်ဟ ပြောလာ ခဲ့ တဲ့ ပပဝင်းခင်

ထူးခြားတဲ့အသံပိုင်ရှင် မင်းသမီးလေး ပပဝင်းခင် ကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အသည်းနှလုံး ကို ပိုင်စိုးထားနိုင်သူလေးတစ်ယောက်ဖြစ်ပါတယ်။ ပပဝင်းခင်က နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး သာမာန်အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ ပဲ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ပပဝင်းခင်တစ်ယောက် အရင်လိုဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပေမယ့် အရင်လို အချစ်မလျော့ပဲ အားပေးနေကြဆဲဖြစ်ပါတယ်။

ပပဝင်းခင် က တော့ သရုပ်ဆောင် မင်းသမီး အလုပ် ကို စွန့်လွှတ်လိုက်ပြီဖြစ်တဲ့ အတွက် သူမရဲ့ဘဝ ကို စိတ်ကြိုက်ဖြတ်သန်းနေလျက်ရှိသလို အလှအပရေးရာနဲ့ပတ်သက်ပြီးလည်း စိတ်ဝင်စားမှုမရှိတော့ဘူးလို့ ပြောလာပါတယ်။ ပပဝင်းခင်က “ဆံပင်မညှပ် , အလှအပ စိတ်မဝင်စားတော့တာ ကြာပေါ့ 🍀🍃” ဆိုပြီး သူမရဲ့ ရိုးရှင်းလှတဲ့ အလှလေးကို ပရိသတ်တွေဆီ ရဲရဲဝံ့ဝံ့ချပြလာခဲ့ပါတယ်။

ပပဝင်းခင် က တော့ နဂိုမျက်နှာလေးကို က ရိုးရိုးယဉ်ယဉ်လေးနဲ့လှသူမို့ အထွေအထူးပြင်ဆင်ခြယ်သထားခြင်းမရှိတာတောင် အရမ်းလှနေတာပဲနော်။ ပရိသတ်ကြီးလည်း ပပဝင်းခင်ရဲ့ ပုံရိပ်လေးကိုကြည့်ရှုပြီး ကျေနပ်ကြမယ်ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Pa Pa Win Khin’s fb

ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!