အလှူရေစက်လက်နဲ့မကွာလှူဒါန်းတဲ့ ပိုပိုဆီကနေ ဘုန်းကြီးကျောင်းဆောင်ဆောက်လုပ်ဖို့ ငွေ(၃) သိန်း လက်ခံရရှိခဲ့တယ်ဆိုတဲ့ အာဗြဲစိန်

သရုပ်ဆောင် မင်းသားကြီး နေမျိုးအောင်ရဲ့ အမျိုးသမီးဖြစ်သူ မသန္တာကတော့ အာဗြဲစိန်ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဟင်းချက်နည်းတွေ မျှဝေပေးသူတစ်ယောက် ဖြစ်ပါတယ်။ အာဗြဲစိန်ဟာ နာမည်ကြီးဆယ်လီတစ်ယောက်ဖြစ်သလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်တတ်သူအဖြစ် နာမည်ကြီးသူဖြစ်ပါတယ်။ လတ်တလောမှာလည်း ပိုပိုဟာ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုအတွက် ကျောင်းဆောင်သစ်ကြီးတစ်စုကိုဆောက်လုပ်ဖို့ ကူညီအလှူခံနေလျက်ရှိတာဖြစ်ပြီး အဆိုတော်ပိုပိုကလည်း သူမရဲ့ ကျောင်းဆောင်သစ်အလှူခံမယ့်ပို့စ်ကိုတွေ့ပြီး ငွေကျပ် သုံးသိန်း လှူဒါန်းဖြစ်ခဲ့ကြောင်း ပြောလာပါတယ်။     

အာဗြဲစိန်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “ဘုန်းဘုန်းတွေကျောင်းဆောင်အတွက် ပိုပိုမှ အလှူငွေ ၃ သိန်းလှူပေးလို့ ဘုန်းဘုန်းကိုယ်စားကျေးဇူးပါညီမရေ အလှူဒါနကြောင့်ကိုယ်စိတ်၂ ပါးကျမ်းမာချမ်းသာပြီးအလိုဆန္ဒဟူသမျှပြည့်ဝရပါစေသား နိုင်သလောက်လှူဒါန်းပေးကြသော ချစ်ခင်ရသူများအားလည်းကျေးဇူးအထူးပါရှင့်💕💕💕” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ပိုပိုကတော့ အရင်ကတည်းက အလှူအတန်းလက်နဲ့မကွာ လှူဒါန်းခဲ့သူတစ်ယောက်ဖြစ်ပြီး သူမလွတ်မြောက်လာခဲ့ပြီး အလုပ်တွေမလုပ်နိုင်သေးခင်မှာလည်း စိတ်ရှိသရွေ့လှူတန်းမှုတွေ ပြုလုပ်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thandar’s fb

error: Alert: Content is protected !!