အလုပ်အတွက် အရမ်းမြတ်နိုးရတဲ့ဆံပင်ရှည်ကြီးကို ဖြတ်တောက်ပေးဆပ်လိုက်ရကြောင်းပြောပြလာတဲ့ နွေးနွေးချစ်ဖွယ်

လူရွှင်တော်၊ သရုပ်ဆောင်ကြီး မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်သူ နွေးနွေးချစ်ဖွယ်က ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းနေတဲ့ နွေးနွေးချစ်ဖွယ်ဟာ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တာမို့ အနုပညာလောကသားအားလုံးကချစ်ကြရသူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာကိုချစ်မြတ်နိုးပြီး သူမရဲ့အလုပ်အပေါ် တာဝန်ကျေပွန်တဲ့ နွေးနွေးချစ်ဖွယ်ဟာ ဒီကနေ့မှာလည်း သူမရဲ့ အလုပ်အတွက် ပေးဆပ်ခဲ့မှုတစ်ခုကို ပြောပြလာပါတယ်။

နွေးနွေးချစ်ဖွယ်က အလုပ်အတွက် သူမမြတ်နိုးတဲ့ အနုပညာအလုပ်တွေအတွက် အရမ်းတန်ဖိုးထားရတဲ့ ဆံပင်ရှည်ကြီးကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်းကို “အလုပ်အတွက်မို့ ပေးဆပ်လိုက်ပါသည် အရမ်းနှမျောပါတယ် အားးပေးစကားလေးတခွန်းလောက်👀 ဆံပင်ညှပ်တုန်းက မျက်ရည်က ထွက်သေး ဂုဏ်တော်တွေပွါးပြီး စိတ်ပြောင်းထားရတာ အားတွေရှိပါတယ် အသဲတို့ရေ ❤️🙏🏻” ဆိုပြီး သူမရဲ့ပြောင်းလဲမှုကို ပြသလာပါတယ်။

နွေးနွေးချစ်ဖွယ်ကတော့ သူမရဲ့အလုပ်အတွက် တန်ဖိုးထားရတဲ့ ဆံပင်ရှည်ကြီးကို ဖြတ်တောက်လိုက်ပြီဆိုတဲ့အကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ နွေးနွေးချစ်ဖွယ်က ဘာအတွက် သူမတန်ဖိုးထားရတဲ့ ဆံပင်ရှည်ကြီးကိုဖြတ်တောက်လိုက်ရလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nway Nway Chit Phwel’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!