အလုပ်တွေ ဘယ်လောက်များများ သမီးလေးအတွက်ဆိုရင် ကစားဖို့အတွက် အချိန်တွေပေးထားတဲ့ ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒကတော့ တချိန်က ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ညီနန္ဒက အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း သူ့မိသားစုတွေရဲ့ စားဝတ်နေရေးအတွက် ထောပတ်ထမင်းရောင်းချခြင်းနဲ့ အွန်လိုင်း Live Sale ရောင်းချခြင်းတွေကိုလည်း လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အလုပ်တွေများစွာကို တစ်ယောက်တည်းလုပ်ကိုင်နေရပေမယ့် ညီနန္ဒဟာ သူ့ရဲ့မိသားစုနဲ့ပတ်သက်လာရင်တော့ အတိုင်းထက်အလွန်ကို တာဝန်ကျေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ညီနန္ဒက သူ့ရဲ့သမီးလေးနဲ့အတူတူ ဆော့ကစားခဲ့ပြီး သမီးလေးထွင်ထားတဲ့ ကစားနည်းအသစ်အကြောင်းကို “ဒီနေ့အလုပ်နားတုန်း သမီးလေးနဲ့ကစား… သမီးက ကြံကြံဖန်ဖန်လုပ်ခိုင်းနေတာ… “အသက်အောင့် ခေါင်းငုံ့ပြီး ရယ်နေတုန်း Sefieဆွဲ” တဲ့… 😄သမီးလေးထွင်တဲ့ ကစားနည်းအသစ်…😄😄 အကြောတွေပါကပ်ကုန်တယ်…😄😄😄” ဆိုပြီး သူတို့သားအဖနှစ်ယောက်ရဲ့ ရယ်စရာပုံလေးတွေကိုပါ ပြသလာပါတယ်။

ညီနန္ဒရဲ့သမီးလေးကလည်း ချစ်စရာကောင်းပြီး ဖေဖေ့ရဲ့ မျက်နှာရိပ်မျက်နှာကဲကိုသိတတ်သူလေးတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးတာပဲ ဖြစ်ပါတယ်။ ညီနန္ဒတို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nyi Nanda’s fb

error: Alert: Content is protected !!