အလုပ်တွေရပ်နားထားတဲ့ (၂)နှစ်နဲ့ (၄) လအတွင်း သိပ်တော့အဆင်ပြေလှတယ်မဟုတ်ဘူးလို့ ဖွင့်ဟလာခဲ့တဲ့ ရန်အောင်
သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်ကတော့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်ကျော်ကြားမှုတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲ။ ရန်အောင်ဟာ ပြီးခဲ့တဲ့ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ အစပိုင်းသာ ပြည်သူတွေနဲ့ ရပ်တည်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရပ်တည်ချက်မခိုင်မာတော့ပဲ စကစရဲ့ပွဲတွေကို သိသိသာသာတက်ရောက်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းထန်စွာရရှိခဲ့တာပဲဖြစ်ပါတယ်။
စစ်ကောင်စီပွဲတွေကိုတက်ရောက်နေပေမယ့် အနုပညာအလုပ်တွေကို နှစ်နဲ့ချီပြီးရပ်နားထားတဲ့ ရန်အောင်ဟာ သူ့အနေနဲ့ အချိန်အတော်ကြာအလုပ်တွေမလုပ်ရတာ အဆင်မပြေဘူးလို့ ရင်ဖွင့်လာပါတယ်။ ရန်အောင်က “အလုပ်တွေရပ်ဆိုင်းကတည်းက အမှတ်တရတင်ခဲ့တဲ့ပုံလေးပါ။ ၂နှစ်နဲ့၄လရှိပြီ.. ခုချိန်ထိ ငုတ်တုတ်မေ့နေတာလည်းအမှတ်တရပါပဲဗျာ..(သိပ်တော့အဆင်မပြေဘူး)😓😓😓” ဆိုပြီး ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။
ရန်အောင်ကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ရရှိထားသူဖြစ်ပြီး ပရိသတ်တွေကလည်း ရန်အောင်လုပ်သမျှ အနုပညာအလုပ်တွေကို အားမပေးကြဖို့ အချင်းချင်းတိုက်တွန်းထားကြတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Yan Aung ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Yan Aung ‘s fb