အလုပ်တွေများလွန်းလို့ အိမ်ထောင်သက် (၁) နှစ်ပြည့်တဲ့နေ့တောင် ပိုစ့်တင်ဖို့မအားလိုက်ဘူးလို့ဆိုတဲ့ ရီရီပွင့်ဖြူ

သရုပ်ဆောင် ရီရီပွင့်ဖြူကတော့ တချိန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်မှုရရှိခဲ့သူ ဖြစ်ပါတယ်။ အနုပညာလောကမှာ အထိုက်အလျောက်အောင်မြင်ခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့တဲ့ ရီရီပွင့်ဖြူက ပြီးခဲ့တဲ့ (၉) နှစ်ကျော်ကတည်းက အနုပညာလှုပ်ရှားမှုတွေကို လုံးဝရပ်နားခဲ့လိုက်တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရီရီပွင့်ဖြူက သူမရဲ့ချစ်သူ သရုပ်ဆောင် မောင်နဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်သည်တစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၂၂) ရက်နေ့ကတော့ မောင်နဲ့ ရီရီပွင့်ဖြူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁) နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။ ရီရီပွင့်ဖြူက သူမတို့ဇနီးမောင်နှံရဲ့ Anniversary နေ့လေးမှာ အလုပ်တွေအရမ်းများနေခဲ့ကြောင်းကို “22.2.22 ⏭️ 22.2.23 Happy first Anniversary ပါနော်။ မနေ့က သတိရပေမယ့် Post တင်ဖို့မအားလိုက်လို့😁 ဒီနေ့မှ back date နဲ့ပြန်တင်လိုက်ပါတယ်🤪 အလုပ်တွေဒီလိုပဲအမြဲများနေချင်ပါနော်။ Wish တွေ Gift တွေ မလိုပါဘူး🤑🤑🤑” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ ချစ်သူသက်တမ်းအကြာကြီးနေမှ လက်ထပ်ခဲ့ကြတာမို့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေချောမွေ့မှုပိုများတာပဲဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ အိမ်ထောင်သက် (၁) နှစ်ပြည့်မှသည် နောက်နှစ်တွေများစွာတိုင် အခုလိုပဲပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yi Yi Pwint Phyu’s fb

error: Alert: Content is protected !!