အလုပ်တွေဆက်တိုက်လုပ်ခဲ့တာကြောင့် ခရီးသွားနေတုန်းမှာပဲ ဆေးသွင်းပြီးဆေးကုသမှုခံယူခဲ့ရတဲ့ သဇင်ထူးမြင့်

ဟာသသရုပ်ဆောင်၊ လူရွှင်တော်ကြီးတစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ရဲ့သမီးဖြစ်သူ သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုမယ်တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့ပြီးနောက်မှာ ပရိသတ်တွေရဲ့ သတိထားမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ သဇင်ထူးမြင့်ကလည်း အဲ့ဒီကနေတဆင့် အနုပညာကိုဝါသနာပါလာခဲ့ပြီး သီချင်းMv တွေ၊ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေမှာ လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

နာမည်ရခါစ အနုပညာရှင်လေးတစ်ယောက်ဖြစ်တာကြောင့် အလုပ်တွေကို ဆက်တိုင်ဆိုသလို လုပ်ကိုင်ခဲ့တဲ့ သဇင်ထူးမြင့်ဟာ မန္တလေးသွားတဲ့ ခရီးစဉ်မှာပဲ နေထိုင်မကောင်းဖြစ်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီကနေ့မနက်ပိုင်းမှာတော့ သဇင်ထူးမြင့်ဟာ နေကောင်းသက်သာလာခဲ့ပြီဖြစ်ပြီး သူမအဒေါ် ရဲ့ ရွှေညာသူလက်ဖက်ရည်ဆိုင်မှာ စားသောက်နေခဲ့တဲ့ ပုံရိပ်ကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။

သဇင်ထူးမြင့်ကတော့ နေကောင်းဖြစ်လို့ ဆေးသွင်းပြီး ဆေးကုသမှုခံယူခဲ့ရပေမယ့် ဒီကနေ့မှာ နေကောင်းသက်သာသွားခဲ့ပြီလို့ စိတ်ပူနေကြတဲ့ သူမရဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သဇင်ထူးမြင့်ကလည်း အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်နေတာကြောင့် ပရိသတ်တွေကလည်း သဇင်ထူးမြင့်ရဲ့ အနုပညာအလုပ်တွေကို အားပေးကြဖို့ မမေ့ကြပါနဲ့နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thazin Htoo Myint’s fb

error: Alert: Content is protected !!