သရုပ်ဆောင် ဖူးပွင့်သခင်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူလေးဖြစ်ပါတယ်။ အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်သလို လူပေါင်းစုံ၊ စရိုက်ပေါင်းစုံနဲ့ ဆက်ဆံပြီး အလုပ်လုပ်ခဲ့ရတဲ့ ဖူးပွင့်သခင်ဟာ ဒီကနေ့မှာလည်း သူမအပေါ် ကတိမတည်ပဲ အလုပ်ကိုပေါ့ပျက်ပျက်လုပ်တဲ့ နာမည်သုံးလုံးနဲ့မင်းသားကို သတိပေးစကားပြောလာခဲ့တာကို တွေ့ရပါတယ်။

“နာမည် သုံးလုံးနဲ့ မင်းသား သိစေရန်။ ဒီနေ့ အကို ပြောထားတဲ့စကားကို တာဝန်ယူပြီး လာဖြေရှင်းပါ။ မင်းသား ဘယ်သူဆိုတာ မသိရပဲ အခုမှ အနုပညာ စလုပ်မဲ့ မင်းသား အသစ် ဆိုပြီမှာ နောက့်နေ့မှအကိုပါ ညီမရေး.. ရိုက်ပေးပါ ဖူး ရယ်ဆိုပြီး ငိုပြ ဈေးတွေဆစ် ကူညီပါ ညီမလေးရယ် အမေရယ်ဆိုပြီး ပြီးခဲ့တဲ့ 2/3 ရက်နေ့က စရံလွဲရမှာကို မလွဲပဲ 12ရက်နေ့ကန်တော့ပွဲကြမှာပဲ ယူပါတော့လို့ ပြောခဲ့လို့ ညီမဘက်က ယုံကြည်မှုနဲ့ ဇာတ်လမ်းတွဲ အတွက် ချုပ်ဖို့အပ်ခဲ့တဲ့ မြန်မာဝတ်စုံအထည် 90 စာနဲ့ ဇာတ်လမ်းတွဲ ရိုက်ဖို့ ရက်30 အပြည့်ပေးပါ ဆိုလို့ ညီမဘက်က ဖျက်လိုက်ရတဲ့ အလုပ်တွေ အချိန်တွေ ဘယ်လိုပြန်လုပ်ပေးမှာလဲ ”

“မင်းသမီးနေရာကနေ ဒုတိယနေရာကိုပြောင်းပစ်တာတောင် ဖုန်းလေးတချက်မဆက်ပဲ ပြီးစလွယ်လုပ်နေတာတွေ ရပ်ပြီး ဖြေရှင်းပေးပါ။ မဖြေရှင်းရင် ညီမအဆိုးမဆိုပါနဲ့ နာမည်တပ်ပီး မတင်သေးဘူးဆိုတာကလဲ ခင်မင်မှု နဲ့ လူတယောက်ရဲ့ ကျင့်ဝတ် အနုပညာကိုစလုပ်နေတဲ့ လူတယောက်ကို နားလည် ထောက်ထားမှုကြောင့်ပါ ဒီနေ့မှ မတောင်းပန်ဘူး မဖြေရှင်းဘူးဆိုရင် ညီမအပြစ်မဟုတ်ပါ …” ဆိုပြီး ဖူးပွင့်သခင်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ဖူးပွင့်သခင်ကတော့ သူမကို ဇာတ်ကားရိုက်ပေးဖို့ ဈေးတွေဆစ် အချိန်တွေတောင်းပြီးမှ အလုပ်ကိုပြီးစလွယ်လုပ်တဲ့ နာမည်သုံးလုံးနဲ့ မင်းသားကြောင့် စိတ်အနှောင်အယှက်ဖြစ်နေရပြီး တောင်းပန်ဖြေရှင်းပေးဖို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Yolo
Source: Phoo Pwint Tha Khin ‘s fb

အလုပ်ကိုပြီးစလွယ်လုပ်တဲ့ နာမည်သုံးလုံးနဲ့မင်းသားကို သတိပေးစကားပြောလိုက်တဲ့ ဖူးပွင့်သခင်





error: Alert: Content is protected !!