အရေးတော်ပုံအတွက် ကိုယ်တတ်တဲ့ပညာနဲ့ ရုပ်ရှင်ရိုက်ပြီးတော်လှန်မယ်ဆိုတဲ့ ဒါရိုက်တာဏကြီးရဲ့ “နိုင်ငံပျောက်သူ”ဇာတ်လမ်းတို

နိုင်ငံကျော် ဒါရိုက်တာဏကြီးကတော့ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူတွေနဲ့ တစ်သွေးတည်းတစ်သားတည်းရပ်တည်ခဲ့ပြီး ယနေ့ထိတိုင်ရပ်တည်ချက်ခိုင်မာနေဆဲပဲဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မတရားဝရမ်းထုတ်ခံခဲ့ရပြီး နေအိမ်နဲ့အဝေးတစ်နေရာမှာ တိမ်းရှောင်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒါရိုက်တာဏကြီးက တလရအတွက် သူရိုက်ကူးတဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုနဲ့ မိတ်ဆက်ပေးလာပါတယ်။

ဒါရိုက်တာဏကြီးက “ကျွန်တော် စစ်မတိုက်တတ်ဘူး။ fund raising တွေလည်း မလုပ်တတ်ဘူး။ ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်။ နိုင်ငံပျောက်သူ short film ကို ပဒေသာပင်ကနေ မေ ၃၀ မှာ တင်ပါမယ်။ Pa Day Thar Pin YouTube Channel ကို Subscribe လုပ်ထားလို့ရပါတယ်။ ကျားပေါက်ကို အထူးကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ရမယ့် သူတွေကတော့ များပါတယ်။ ကိုမိုး၊ မသဇင်၊ ဉာဏ်လင်း၊ မယ်ကူး၊ ဆရာဟဲ၊ ကိုနေဘုန်းလတ်၊ ဆရာမ၊ ကိုမင်းမင်းနဲ့ အခြား ဝိုင်းဝန်းကူညီသူတွေလည်း အများကြီးပါ။ နာမည် ထုတ်ပြောလို့ မရတဲ့သူတွေ (သူတို့လုံခြုံရေးအတွက်)လည်း ပါပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောလာပါတယ်။

ဒါရိုက်တာဏကြီးရဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုမှာ သရုပ်ဆောင် ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး အဆိုတော်ကျားပေါက်က ဇာတ်ဝင်တေးသီချင်းကိုရေးပေးထားတယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးကလည်း “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုကို လာမယ့်မေလ (၃၀) ရက်နေ့မှာ စောင့်ကြည့်အားပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Na Gyi ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အေရးေတာ္ပံုအတြက္ ကိုယ္တတ္တဲ့ပညာနဲ႔ ႐ုပ္ရွင္႐ိုက္ၿပီးေတာ္လွန္မယ္ဆိုတဲ့ ဒါ႐ိုက္တာဏႀကီးရဲ႕ “ႏိုင္ငံေပ်ာက္သူ”ဇာတ္လမ္းတို

ႏိုင္ငံေက်ာ္ ဒါ႐ိုက္တာဏႀကီးကေတာ့ ေႏြဦးေတာ္လွန္ေရးအစကတည္းက ျပည္သူေတြနဲ႔ တစ္ေသြးတည္းတစ္သားတည္းရပ္တည္ခဲ့ၿပီး ယေန႔ထိတိုင္ရပ္တည္ခ်က္ခိုင္မာေနဆဲပဲျဖစ္ပါတယ္။ ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ မတရားဝရမ္းထုတ္ခံခဲ့ရၿပီး ေနအိမ္နဲ႔အေဝးတစ္ေနရာမွာ တိမ္းေရွာင္ခဲ့ရတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ဒါ႐ိုက္တာဏႀကီးက တလရအတြက္ သူ႐ိုက္ကူးတဲ့ “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုနဲ႔ မိတ္ဆက္ေပးလာပါတယ္။

ဒါ႐ိုက္တာဏႀကီးက “ကြၽန္ေတာ္ စစ္မတိုက္တတ္ဘူး။ fund raising ေတြလည္း မလုပ္တတ္ဘူး။ ကြၽန္ေတာ္က ႐ုပ္ရွင္႐ိုက္တဲ့သူဆိုေတာ့ ႐ုပ္ရွင္ပဲ ႐ိုက္တတ္ပါတယ္။ အဲဒါေၾကာင့္ ႐ုပ္ရွင္႐ိုက္ၿပီး ေတာ္လွန္ပါတယ္။ ႏိုင္ငံေပ်ာက္သူ short film ကို ပေဒသာပင္ကေန ေမ ၃၀ မွာ တင္ပါမယ္။ Pa Day Thar Pin YouTube Channel ကို Subscribe လုပ္ထားလို႔ရပါတယ္။ က်ားေပါက္ကို အထူးေက်းဇူးတင္ပါတယ္။ ေက်းဇူးတင္ရမယ့္ သူေတြကေတာ့ မ်ားပါတယ္။ ကိုမိုး၊ မသဇင္၊ ဉာဏ္လင္း၊ မယ္ကူး၊ ဆရာဟဲ၊ ကိုေနဘုန္းလတ္၊ ဆရာမ၊ ကိုမင္းမင္းနဲ႔ အျခား ဝိုင္းဝန္းကူညီသူေတြလည္း အမ်ားႀကီးပါ။ နာမည္ ထုတ္ေျပာလို႔ မရတဲ့သူေတြ (သူတို႔လုံၿခဳံေရးအတြက္)လည္း ပါပါတယ္။ အားလုံးကို ေက်းဇူးတင္ပါတယ္။” ဆိုျပီး ေျပာလာပါတယ္။

ဒါရိုက္တာဏၾကီးရဲ့ “နုိင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုမွာ သရုပ္ေဆာင္ ေဒါင္းနဲ့ ပိုင္ျဖိဳးသုတုိ့က အဓိကပါဝင္သရုပ္ေဆာင္ထားၾကျပီး အဆိုေတာ္က်ားေပါက္က ဇာတ္ဝင္ေတးသီခ်င္းကိုေရးေပးထားတယ္လုိ့ ဆိုပါတယ္။ ပရိသတ္ၾကီးကလည္း “နုိင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုကို လာမယ့္ေမလ (၃၀) ရက္ေန့မွာ ေစာင့္ၾကည့္အားေပးၾကပါဦးေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Na Gyi ‘s fb

error: Alert: Content is protected !!