အရမ်းတွေလှလာအောင် ဘာတွေများလုပ်လဲလို့ မေးခွန်းထုတ်ခဲ့တဲ့ နေရဲကို ချစ်စရာကောင်းစွာပြန်ဖြေခဲ့တဲ့ ရွှေသမီး
သရုပ်ဆောင် ရွှေသမီးကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး အောင်မြင်မှုရရှိခဲ့သူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်နေတဲ့ ရွှေသမီးဟာ “ချည်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “သုံးရောင်ခြယ်” ရုပ်ရှင်ဇာတ်ကားကြီးတို့မှာ ပရိသတ်အားပေးမှုကို တစ်ဟုန်ထိုးရရှိခဲ့သူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။
အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းနေသူတစ်ယောက်ပီပီ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့လည်း ရင်းနှီးမှုရှိတဲ့ ရွှေသမီးဟာ ဒီကနေ့မှာလည်း သူမရဲ့ ပုံအောက်မှာ “အရမ်းတွေချောလာအောင် ဘာတွေလုပ်လဲ…ပြောပြပေးပါအမရေ😂
” ဆိုပြီး မေးခွန်းထုတ်တဲ့ နေရဲကို “စားလို့ရတာမှန်သမျှအကုန်စားပေးရတယ် မောင်လေး လုံးဝမရှောင်နဲ့ ပြီးရင် ဝိတ်ပြန်ချ ဝိတ်ကျသွားရင် ပြန်စား ဒီလိုနည်းနဲ့ဘဲအလှတွေပိုပိုတိုးလာပါတယ်မောင်လေးရယ်🫠🤭 နားလည်ဖို့မျှော်လင့်ပါတယ် ပုံ/မမရွှေ” ဆိုပြီး ချစ်စရာကောင်းစွာ ပြန်ဖြေခဲ့ပါတယ်။
ရွှေသမီးနဲ့ နေရဲတို့ကတော့ ဇာတ်ကားတွေကို အတူတူရိုက်ကူးခဲ့ဖူးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်သလို အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေသမီးနဲ့ နေရဲတို့ရဲ့ အပြန်အလှန်စကားပြောဆိုပုံလေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: ရွှေသမီး – Shwe Tha Mee’s fb