အရမ်းချောတဲ့ရည်းစားလေးရတဲ့အပြင် လိုချင်တဲ့အလုပ်ကိုပါရခဲ့ပြီဆိုပြီး အပျော်လွန်နေတဲ့ ပန်ကိတ်ဒါဒါ
ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ ပန်ကိတ်ဒါဒါဟာ သူမရဲ့ရည်းစားဟောင်း အဆိုတော်နဲ့ ပြတ်ဆဲပြီးတဲ့နောက်မှာ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အများအပြားရရှိခဲ့တာပဲဖြစ်ပါတယ်။ ပန်ကိတ်ဒါဒါဟာ ရည်းစားဟောင်းအဆိုတော်နဲ့ ပြတ်ဆဲသွားခဲ့တာကြာခဲ့ပြီဖြစ်သလို သူမရဲ့အချစ်သစ်နဲ့လည်း သာယာအေးချမ်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပန်ကိတ်ဒါဒါက သူမရဲ့ဘဝတဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့ပြီဆိုတဲ့အကြောင်းကို ရင်ဖွင့်လာပါတယ်။
ပန်ကိတ်ဒါဒါက “Congratulations to me 😍. အရမ်းလိုချင်ခဲ့တဲ့ အလုပ်ရတော့ ပျော်ပြီကွယ်။ ဒီနှစ်တော့ လိုချင်တဲ့ အလုပ်လည်းရ အရမ်းချောတဲ့ ရိန်းဇားလည်းရ နဲ့ ။ ပျော်လို့ပါ။ စိတ်ဓါတ်တွေ ကုန်းကောက်မရအောင် ကျခဲ့တဲ့ နေ့ရက်တွေ ကုန်လွန်ပြီ ထင်ပါတယ်။ ကျလာခဲ့ရင်လည်း ပြန်ကောက်ကြတာပေါ့ နော။ 💕 #ကြွားတယ်ထင်ရင်လည်းကြွားပါရစေပိလိစ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာတာပဲဖြစ်ပါတယ်။
ပန်ကိတ်ဒါဒါကတော့ စိတ်ဓာတ်ကျပြီးခက်ခဲတဲ့ အချိန်တွေကြော်ဖြတ်လာခဲ့ပြီးနောက် အခုဆိုရင် ဖြစ်ချင်တာတွေဖြစ်လာခဲ့ပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။ ပန်ကိတ်တစ်ယောက် ရှေ့လျှောက်အဆင်ပြေချောမွေ့ခြင်းတွေနဲ့သာကြုံရပါစေနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Ya Min Oo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Ya Min Oo’s fb
error: Alert: Content is protected !!