အရင်လိုပြန်ဆုံချင်တယ်ပြောတဲ့ပိုင်ဖြိုးသုကို ပြန်လည်ပြောကြားခဲ့တဲ့ စကားတစ်ခွန်းကြောင့် ပရိသတ်တွေကိုစိတ်မကောင်းဖြစ်စေခဲ့တဲ့ ကိုပေါက်
သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကတော့ တစ်နိုင်ငံလုံးအာဏာရှင်လက်အောက်ကိုကျရောက်နေချိန်မှာ သူမြတ်နိုးတဲ့အနုပညာအလုပ်တွေနဲ့ သူချစ်တဲ့မိသားစုလေးကို စွန့်လွှတ်ပြီး အာဏာရှင်ကိုဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကိုပေါက်က သူ့ရဲ့ပိုစ့်အောက်မှာ အရင်လိုပြန်ဆုံချင်တယ်လို့ပြောလာတဲ့ ပိုင်ဖြိုးသုကို ပြန်ပြောလိုက်တဲ့စကားလေးတစ်ခွန်းကြောင့် ပရိသတ်တွေက စိတ်မကောင်းဝမ်းနည်းဖြစ်ခဲ့ရပါတယ်။
ပိုင်ဖြိုးသုက ကိုပေါက်ရဲ့ပိုစ့်အောက်မှာ “အကိုရေ ….အကိုလုပ်ပေးနေတဲ့အရာတွေသုသုတို့မလုပ်နိုင်တာတွေအများကြီးပါ….အစစအရာရာအတွက်အကို့ကိုကျေးဇူးတင်ပါတယ်…အားလုံးငြိမ်းချမ်းသွားတဲ့တစ်နေ့သုသုတို့မောင်နှမတွေအရင်လိုပြန်ဆုံပြီးရင်တွေဖွင့်ချင်ပါသေးတယ်….အမြန်ဆုံးပြန်ဆုံခွင့်ရပါရစေ 🙏🙏🙏” ဆိုပြီး သတိရကြောင်း ရေးသားခဲ့ရာ ကိုပေါက်က “သုသုရေ ညီမလေး ဘေးမသီဘရန်မခဘဲ ပြန်ဆုံချင်ပါတယ်။ လေယာဉ်လာကျဲတယ်ကြားရင် တခြားနေရာတွေလည်းဘေးကင်းဖို့ဆုတောင်းပေးတဲ့အခါ ကိုယ်တို့နေရာလည်း ဘေးကင်းဖို့ဆုတောင်းပေးနော်။” ဆိုပြီး ပြန်လည်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ပိုင်ဖြိုးသုနဲ့တကွ ပရိသတ်တွေအားလုံးကတော့ ကိုပေါက်ရဲ့စကားလေးကြောင့် စိတ်မကောင်းဝမ်းနည်းဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသု၊ ကိုပေါက်တို့ အနုပညာရှင်တွေသာမက တကွဲတပြားစီဖြစ်နေရတဲ့ မိသားစု သူငယ်ချင်းတွေအားလုံးလည်း ဘေးမသီရန်မခပြန်ဆုံနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Aung Min Naing’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
အရင္လိုျပန္ဆုံခ်င္တယ္ေျပာတဲ့ပိုင္ၿဖိဳးသုကို ျပန္လည္ေျပာၾကားခဲ့တဲ့ စကားတစ္ခြန္းေၾကာင့္ ပရိသတ္ေတြကိုစိတ္မေကာင္းျဖစ္ေစခဲ့တဲ့ ကိုေပါက္
သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ကိုေပါက္ကေတာ့ တစ္ႏိုင္ငံလုံးအာဏာရွင္လက္ေအာက္ကိုက်ေရာက္ေနခ်ိန္မွာ သူျမတ္ႏိုးတဲ့အႏုပညာအလုပ္ေတြနဲ႔ သူခ်စ္တဲ့မိသားစုေလးကို စြန႔္လႊတ္ၿပီး အာဏာရွင္ကိုဆန႔္က်င္ေတာ္လွန္ဖို႔ လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ေနတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ကိုေပါက္က သူ႔ရဲ႕ပိုစ့္ေအာက္မွာ အရင္လိုျပန္ဆုံခ်င္တယ္လို႔ေျပာလာတဲ့ ပိုင္ၿဖိဳးသုကို ျပန္ေျပာလိုက္တဲ့စကားေလးတစ္ခြန္းေၾကာင့္ ပရိသတ္ေတြက စိတ္မေကာင္းဝမ္းနည္းျဖစ္ခဲ့ရပါတယ္။
ပိုင္ၿဖိဳးသုက ကိုေပါက္ရဲ႕ပိုစ့္ေအာက္မွာ “အကိုေရ ….အကိုလုပ္ေပးေနတဲ့အရာေတြသုသုတို႔မလုပ္ႏိုင္တာေတြအမ်ားႀကီးပါ….အစစအရာရာအတြက္အကို႔ကိုေက်းဇူးတင္ပါတယ္…အားလုံးၿငိမ္းခ်မ္းသြားတဲ့တစ္ေန႔သုသုတို႔ေမာင္ႏွမေတြအရင္လိုျပန္ဆုံၿပီးရင္ေတြဖြင့္ခ်င္ပါေသးတယ္….အျမန္ဆုံးျပန္ဆုံခြင့္ရပါရေစ 🙏🙏🙏” ဆိုၿပီး သတိရေၾကာင္း ေရးသားခဲ့ရာ ကိုေပါက္က “သုသုေရ ညီမေလး ေဘးမသီဘရန္မခဘဲ ျပန္ဆုံခ်င္ပါတယ္။ ေလယာဥ္လာက်ဲတယ္ၾကားရင္ တျခားေနရာေတြလည္းေဘးကင္းဖို႔ဆုေတာင္းေပးတဲ့အခါ ကိုယ္တို႔ေနရာလည္း ေဘးကင္းဖို႔ဆုေတာင္းေပးေနာ္။” ဆိုၿပီး ျပန္လည္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
ပိုင္ၿဖိဳးသုနဲ႔တကြ ပရိသတ္ေတြအားလုံးကေတာ့ ကိုေပါက္ရဲ႕စကားေလးေၾကာင့္ စိတ္မေကာင္းဝမ္းနည္းျဖစ္ခဲ့ရတာပဲျဖစ္ပါတယ္။ ပိုင္ၿဖိဳးသု၊ ကိုေပါက္တို႔ အႏုပညာရွင္ေတြသာမက တကြဲတျပားစီျဖစ္ေနရတဲ့ မိသားစု သူငယ္ခ်င္းေတြအားလုံးလည္း ေဘးမသီရန္မချပန္ဆုံႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Aung Min Naing’s fb