အရင်ကမှားခဲ့တဲ့ အမှားမျိုး နောက်ထပ်မဖြစ်စေရပဲ ပရိသတ်တွေအတွက်သာ ပေးဆပ်ပါ့မယ်လို့ ကတိပေးလာခဲ့တဲ့ ကောင်းမြတ်စံ

MRTV 4 သရုပ်ဆောင် ကောင်းမြတ်စံကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်အစမှာ ပြည်သူတွေဘက်ကရပ်တည်ခဲ့ပြီး စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်ကြောင်း ပေါ်ပေါ်ထင်ထင် လှုပ်ရှားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ရပ်တည်မှုမခိုင်မာတော့တဲ့ ကောင်းမြတ်စံဟာ စစ်တပ်ပိုင်လုပ်ငန်းဖြစ်တဲ့ ATOM ဆက်သွယ်ရေးလုပ်ငန်းအတွက် ကြော်ငြာရိုက်ကူးပေးခဲ့တာကြောင့် ပရိသတ်တွေသာမက နိုင်ငံကျော်မင်းသား မင်းမော်ကွန်းရဲ့ နာမည်တပ်ဝေဖန်ခြင်းကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဝေဖန်မှုတွေရရှိပြီးတဲ့နောက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာရက်အနည်းငယ် ပျောက်ကွယ်သွာခဲ့တဲ့ ကောင်းမြတ်စံဟာ ဒီကနေ့မှာတော့ ဖေ့စ်ဘုတ်စာမျက်နှာကို ပြန်လည်အသုံးပြုလာပြီး ပရိသတ်တွေကို တောင်းပန်လာခဲ့ပါတယ်။ ကောင်းမြတ်စံက “ခွင့်လွှတ်နားလည်ပြီး ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ အရင်ကမှားခဲ့တဲ့ အမှားမျိုး နောက်မဖြစ်စေရဘူးလို့လဲ ကတိပေးပါတယ်…. ပရိသတ်အတွက် တစ်ကယ် ပေးဆပ်ပါ့မယ် လို့ ကတိထပ်ခါထပ်ခါပေးပါတယ် ခင်ဗျာ ❤️‍🔥” ဆိုပြီး ပရိသတ်တွေကို ကတိပေးတောင်းပန်လာပါတယ်။

ကောင်းမြတ်စံကတော့ အရင်ကမှားခဲ့တဲ့ အမှားမျိုး နောက်ထပ်မဖြစ်စေရပဲ ပရိသတ်တွေအတွက်သာ ပေးဆပ်ပါ့မယ် ထပ်ခါထပ်ခါ ကတိပေးတယ်လို့ ဆိုလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကရော ကောင်းမြတ်စံကို ယုံကြည်ပြီး ပြည်သူဘက်ရပ်တည်တဲ့သရုပ်ဆောင်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kaung Myat San’s fb

error: Alert: Content is protected !!