အရင်ကမင်းသမီးအဖြစ် ကျော့ကျော့မော့မော့နေခဲ့တဲ့ပုံစံနဲ့ လက်ရှိအခြေအနေဟာ ကွာခြားသွားခဲ့ပြီဖြစ်ကြောင်းပြောပြလာတဲ့ မြနှင်းရည်လွင်
သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ ပရိသတ်တွေအကြိုက် ဇာတ်ကားတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြနှင်းရည်လွင်ဟာ နာမည်ရမင်းသမီးတစ်ယောက်ဖြစ်ပေမယ့် လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့ပြီး သူမရဲ့ဆန္ဒကိုလည်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ မြနှင်းရည်လွင်ဟာ စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေမှာ ခိုလှုံနေရတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။
မိသားစုအိုးအိမ်နဲ့ ချစ်မြတ်နိုးတဲ့အလုပ်ကို စွန့်ခွာလာခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်တဲ့ မြနှင်းရည်လွင်ဟာ ဒီကနေ့မှာတော့ သူမရဲ့ ဓာတ်ပုံဟောင်းလေးတွေကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။ မြနှင်းရည်လွင်က “အရင်က မြနှင်းရည်လွင် p.s အာဏာမသိမ်းခင် ရိုက်ထားပြီးမတင်ဖြစ်ခဲ့တဲ့ပုံလေးတွေပါ။ အဲ့အချိန်တုန်းက အသားအရည်မျိုး ပြန်မရနိုင်တော့ပါဘူးလေ ” ဆိုပြီး သူမရဲ့ လက်ရှိအခြေအနေနဲ့ လုံးဝကွာခြားသွားခဲ့တဲ့အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။
မြနှင်းရည်လွင်ကတော့ အရင်က မင်းသမီးအဖြစ် ကျော့ကျော့မော့မော့နေခဲ့ပေမယ့် အခုဆိုရင် ပြည်သူတွေအတွက် စွန့်စားနေရတာမို့ လှလှပပနေဖို့ မဖြစ်နိုင်တော့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကတော့ မြနှင်းရည်လွင်ကို ဘယ်အချိန်ကြည့်ကြည့် ချစ်ပြီးသားပါပဲနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Mya Hnin Yee Lwin’s fb