အရင်ကဓာတ်ပုံဟောင်းတွေနဲ့ ပြည်သူတွေအထင်လွဲမှားအောင် ဖန်တီးခဲ့တဲ့ အေးနေဝင်းကို သတ္တိရှိရှိပြန်လည်တုံ့ပြန်ခဲ့တဲ့ အလှမယ် ဟန်လေး

Miss Grand Myanmar 2020 ဆုရှင်လေး ဟန်လေးကတော့ အာဏာသိမ်းမှုစဉ်နဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးရှေ့မှောက်မှာ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားခဲ့သူတစ်ယောက်ပါပဲ။ အဲ့လိုဖွင့်ဟခဲ့တာကြောင့် ဟန်လေးဟာ စကစရဲ့ ဝရမ်းထုတ်ခြင်းခံခဲ့ရပြီး ထိုင်းနိုင်ငံမှာပဲ တိမ်းရှောင်နေခဲ့ရတဲ့ ဟန်လေးဟာ ထိုင်းနိုင်ငံမှာလည်း ပြည်ဝင်ခွင့်ပိတ်ပင်ခံခဲ့ရတာကြောင့် အခုဆိုရင် ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဟန်လေးက အရင်ကဓာတ်ပုံဟောင်းတွေနဲ့ ပြည်သူတွေ သို့လောသို့လောဖြစ်အောင် ဖန်တီးခဲ့တဲ့ စစ်တပ်အမျိုးအနွယ်ဝင် အေးနေဝင်းကို ပြန်လည်တုံ့ပြန်လာခဲ့တာကို တွေ့ရပါတယ်။    

ဟန်လေးက “အေးနေဝင်းဆိုတဲ့ အကောင်ရေ နင်နဲ့ငါနဲ့ဘာဆိုင်လို့လဲ ငါ့သူငယ်ချင်းနာမည်ထွက်မှာစိုးလို့ ဘာမှမတင်ဘဲနေတာနော်။ ငါ့သူငယ်ချင်းမျက်နှာနဲ့ ဘာမှမပြောဘဲနေနေတာ နင့်ကို Tagပြီးဆဲမလို့ အကောက်ရှာမရလို့ ပုံရိုက်ချင်သပဆိုပြီး ငါ့သူငယ်ချင်းနဲ့ လိုက်လာပြီး ပုံရိုက်သွားပြီး ၂ယောက်ပုံလိုလို crop ပြီးတင်ပြီး ဝါဒ လျောက်ဖြန့်နေတာကိုယုံတဲ့သူကလည်းယုံပြီး ကျွန်မကိုတောင် ဒလန်ထင်နေကြတယ်တဲ့။ ပြောစရာစကားတောင်ကုန်တယ် နိုင်ငံအခြေနေမကောင်းလို့ ဘာမှမဖြေရှင်းတာကို အခွင့်ကောင်းယူမနေနဲ့ သတ္တိရှိရင် ပုံ အပြည့်တင်လိုက် cropပြီး ၂ယောက်တည်းလိုလိုတင်မနေနဲ့ 😡 နင်နဲ့ပတ်သတ်တဲ့ status ဒါပထမဆုံးနဲ့ နောက်ဆုံးဘဲ အာရုံတွေလာလာမနောက်နဲ့ အားနေတဲ့သူမဟုတ်ဘူး ငါက” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ အေးနေဝင်းကို ပွင့်ပွင့်လင်းလင်းပြောလာတာပဲ ဖြစ်ပါတယ်။

အေးနေဝင်းကတော့ အာဏာမသိမ်းခင်က သူငယ်ချင်းတွေစုပြီးရိုက်ထားတဲ့ဓာတ်ပုံမှာ သူနဲ့ ဟန်လေး နှစ်ယောက်တည်းပုံကိုသာ ဖြတ်ညှပ်ပြီး ဖေ့စ်ဘုတ်ပေါ်တင်ခဲ့တာကြောင့် ဟန်လေးဟာ ပရိသတ်တွေအထင်အမြင်လွဲခံနေရပြီး ဒလန်လို့လည်း စွပ်စွဲခံနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟန်လေးဖြေရှင်းချက်ကိုဖတ်ပြီး အမှန်တရားကိုသိရှိသွားကြမယ်လို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Han Lay’s fb

error: Alert: Content is protected !!