အယ်ဇိုင်းမားရောဂါခံစားနေရတဲ့ ဖေဖေ့ရဲ့အသက် (၈၀) ပြည့်မွေးနေ့အတွက် အဖေပြောဖူးတဲ့စကားတွေစုပြီး သီချင်းလေးဖန်တီးခဲ့တဲ့ ဖြူဖြူကျော်သိန်း

နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ ဆယ်စုနှစ်ကျော်တိုင် ပရိသတ်အားပေးမှုကိုရရှိနေတဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ပါပဲ။ ဖြူဖြူကျော်သိန်းဟာ သီချင်းသစ်တွေမထွက်ရှိတာ အချိန်အတော်ကြာခဲ့ပြီဆိုပေမယ့် မနေ့က သြဂုတ်လ (၂၄) ရက်နေ့မှာတော့ သူ့ရဲ့ဖခင်ကြီး အသက် (၈၀) ပြည့်မွေးနေ့အတွက် အမှတ်တရသီချင်းသစ်လေးတစ်ပုဒ်ကို ဖန်တီးခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းက “”ဖေဖေ့စကား” ဖေဖေက လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကစပြီး Alzheimer ရောဂါခံစားခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ စာမရေးတတ်တော့ဘူး၊ နောက် စာမဖတ်တတ်တော့ဘူး၊ နာရီလည်းမကြည့်တတ်တော့ဘူး၊ သူများတွေပြောတဲ့စကားလုံးတွေကို နားမလည်တော့ဘူး၊ နောက်ဆုံး စကားပါမပြောတတ်တော့ဘူး။ ဖြူဖြူ့ဘဝ တစ်သက်တာ မှာ ဖေဖေပြောခဲ့ဖူးတဲ့ စကားလေးတွေ တချို့ကို စုပြီး သီချင်းလေးတစ်ပုဒ် ရေးဖြစ်တယ်။ ဖေဖေ အသက် ၈၀ ဖြစ်မယ့် မွေးနေ့ အမှတ်တရပေါ့။ ဖေဖေ့ နှလုံးသားကကြား၍နားလည်ပါစေကြောင်း 🙏🙏🙏 ဘဝတူ ဖေချစ်သားသမီးများလည်း ဖေဖေ့စကား ကနေ ခွန်အားတွေရရှိနိုင်ကြပါစေ…” ဆိုပြီး သူမကိုယ်တိုင်ရေးသားထားတဲ့ “ဖေဖေ့စကား” သီချင်းလေးကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ သူမဖေဖေပြောခဲ့ဖူးတဲ့ စကားတွေကိုစုစည်းပြီး သီချင်းလေးအဖြစ် ဖန်တီးခဲ့ပြီး ဖေဖေ့နှလုံးသားကကြားပြီး နားလည်နိုင်ဖို့ လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူကျော်သိန်းရဲ့ “ဖေဖေ့စကား” သီချင်းလေးကို ခံစားနားဆင်ပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Phyu Phyu Kyaw Thein ‘s fb

error: Alert: Content is protected !!