အမှုအခင်းပြဿနာတွေကြောင့် အဖေနဲ့ အမေပေးထားတဲ့ တိုက်ခန်းကိုရောင်းချပြီး ဖြေရှင်းခဲ့ရတယ်လို့ ရင်ဖွင့်လာတဲ့ နေလင်းကျော်

Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲက အဆိုတော် နေလင်းကျော်ကတော့ သီချင်းဆိုကောင်းရုံသာမက ရုပ်ရည်ကလည်းချောမောတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ နေလင်းကျော်ဟာ Winner ဆုကြီးနဲ့လည်း လွဲချော်ခဲ့သလို သူ့ရဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကြောင့်လည်း ပရိသတ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်။ တရားရုံး အမှုအခင်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရသေးတဲ့ နေလင်းကျော်က သူ့အနေနဲ့ မိဘက ဝယ်ပေးထားတဲ့ တိုက်ခန်းလေးတောင် ရောင်းချလိုက်လို့မရှိတော့ဘူးဆိုတဲ့အကြောင်းကို ရင်ဖွင့်လာပါတယ်။ 

နေလင်းကျော်က “လွန်ခဲ့တဲ့ ၃ နှစ်လောက်ကလက်ဆောင်ပေးထားတဲ့ ဂစ်တာလေး လက်ဆောင်ပေးထားတဲ့ မိတ်ဆွေက ပြန်လိုချင်လို့ပြန်ပေးလိုက်တယ်။ တန်ဖိုးတော့ဘာမှမရှိပေမယ့် ဂစ်တာကိုမြတ်နိုးတဲ့။ ကျွန်တော့အတွက်တကယ်လဲစိတ်မကောင်းဖြစ်မိပါတယ်။ နောက်တစ်ခုကတော့ အပါးတို့အမိုးပေးထားတဲ့ ကာလပေါက်ဈေး ၅၀၀ ဝန်းကျင်တိုက်ခန်းလေး အမှုကိစ္စတွေဖြစ်တော့ ရောင်းပြီးဖြေရှင်းခဲ့ရတယ်။ တခါတလေတော့လဲစဉ်စားမိတယ် ဘုမသိဘမသိ ဒုက္ခတွင်းထဲရောက်ခဲ့ရတဲ့အချိန်မှတောင် အကောင်းဆုံးရှင်သန်နေထိုင်ပြီး အတွေ့အကြုံပေါင်းများစွာနဲ့ ဖြတ်ကျော်လာနိုင်ခဲ့တာ အခုချိန်ထိလဲ အကောင်းဆုံးပုံစံနဲ့ အပြုံးမပျက်ရှင်သန်နေထိုင်နိုင်တာ ဘုရားကျေးဇူးပါဘဲ 😇😇 ဒီထက်ပိုပြီးဘုရားကောင်းချီးပေးမယ်လို့ ကျွန်တော်ယုံကြည်တယ် ဒီထက်ပိုပြီးအကောင်းဆုံးဖြစ်စေမယ့် အရာတွေသူဘဲဖန်တီးပေးခဲ့တာအခုချိန်ထိမို့😇😇😇 God Bless U All🙏🙏🙏” ဆိုပြီး ရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်။

နေလင်းကျော်ကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ ဆန့်ကျင့်တဲ့ ကာမဆက်ယှက်မှု ပုဒ်မ၃၇၇ဖြင့်တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး အမှုအခင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲ့လို အခက်အခဲတွေကြောင့်လည်း နေလင်းကျော်ဟာ အမှုရင်ဆိုင်ဖြေရှင်းနိုင်ဖို့ မိဘက ဝယ်ပေးထားတဲ့ တိုက်ခန်းကို ရောင်းချအသုံးပြုပြီး ဖြေရှင်းခဲ့ရတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nay Lin Kyaw ‘s fb

error: Alert: Content is protected !!