အမှတ်တရတွေအများကြီးရှိတဲ့ ဘိုးဘွားပိုင်အိမ်ကြီးကို အပြီးတိုင်ရောင်းချတော့မယ့် ဟန်ဇာမိုးဝင်း

ဇာတ်မင်းသားတစ်ယောက်ဖြစ်တဲ့ ဟန်ဇာမိုးဝင်းကတော့ မဟာရန်ကုန်စံပြဇာတ်သဘင်ကြီးရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ပြီး အဘိုးစိန်မာဒင်နဲ့ ဖခင်ဦးမိုးဝင်းရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းဟာ ဇာတ်ကားအချို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပေမယ့် သူ့ရဲ့ဘဝတစ်သက်တာကို ဇာတ်သဘင်အလုပ်လုပ်ရင်းနဲ့သာ နှစ်မြှုပ်ထားခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ပြီးခဲ့တဲ့လအတွင်းက မဟာရန်ကုန်စံပြဇာတ်သဘင်ကြီးကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းအသိပေးခဲ့တဲ့ ဟန်ဇာမိုးဝင်းဟာ သူ့ရဲ့ ဇာတ်သဘင်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရောင်းချလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဒီကနေ့မှာလည်း ဟန်ဇာမိုးဝင်းက ,ဦးလွန်းမောင် လမ်းသွယ် (၃), သာလ္လာဝတီလမ်း,မရမ်းကုန်းမြို့နယ်,၇ မိုင် မှာရှိတဲ့ သူ့ရဲ့ဘိုးဘွားပိုင်အိမ်ကြီးကိုရောင်းချတော့မယ်လို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးခဲ့ပါတယ်။

ဟန်ဇာမိုးဝင်းတို့ရဲ့ ဘိုးဘွားပိုင်အိမ်ကြီးကတော့ ပန်းပင်သစ်ပင်များစွာနဲ့ တော်တော်လေးကျယ်ဝန်းပြီး ဟန်ဇာမိုးဝင်းအတွက် အမှတ်တရတွေများစွာရှိခဲ့တဲ့ နေရာတစ်နေရာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဟန်ဇာမိုးဝင်းကတော့ သူ့ရဲ့အကြောင်းကိစ္စတစ်ခုနဲ့ သူမြတ်နိုးတဲ့ အိမ်ကြီးကိုရောင်းချနေပြီပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Han Zar Moe Win ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အမွတ္တရေတြအမ်ားႀကီးရွိတဲ့ ဘိုးဘြားပိုင္အိမ္ႀကီးကို အၿပီးတိုင္ေရာင္းခ်ေတာ့မယ့္ ဟန္ဇာမိုးဝင္း

ဇာတ္မင္းသားတစ္ေယာက္ျဖစ္တဲ့ ဟန္ဇာမိုးဝင္းကေတာ့ မဟာရန္ကုန္စံျပဇာတ္သဘင္ႀကီးရဲ႕ မ်ိဳးဆက္တစ္ေယာက္ျဖစ္ၿပီး အဘိုးစိန္မာဒင္နဲ႔ ဖခင္ဦးမိုးဝင္းရဲ႕ အႏုပညာအေမြေတြကို ဆက္ခံရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္။ ဟန္ဇာမိုးဝင္းဟာ ဇာတ္ကားအခ်ိဳ႕မွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးေပမယ့္ သူ႔ရဲ႕ဘဝတစ္သက္တာကို ဇာတ္သဘင္အလုပ္လုပ္ရင္းနဲ႔သာ ႏွစ္ျမႇဳပ္ထားခဲ့သူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

ၿပီးခဲ့တဲ့လအတြင္းက မဟာရန္ကုန္စံျပဇာတ္သဘင္ႀကီးကို ဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္းအသိေပးခဲ့တဲ့ ဟန္ဇာမိုးဝင္းဟာ သူ႔ရဲ႕ ဇာတ္သဘင္အသုံးအေဆာင္ပစၥည္းေတြကိုလည္း ေရာင္းခ်လိုက္ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ ဒီကေန႔မွာလည္း ဟန္ဇာမိုးဝင္းက ,ဦးလြန္းေမာင္ လမ္းသြယ္ (၃), သာလႅာဝတီလမ္း,မရမ္းကုန္းၿမိဳ႕နယ္,၇ မိုင္ မွာရွိတဲ့ သူ႔ရဲ႕ဘိုးဘြားပိုင္အိမ္ႀကီးကိုေရာင္းခ်ေတာ့မယ္လို႔ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အသိေပးခဲ့ပါတယ္။

ဟန္ဇာမိုးဝင္းတို႔ရဲ႕ ဘိုးဘြားပိုင္အိမ္ႀကီးကေတာ့ ပန္းပင္သစ္ပင္မ်ားစြာနဲ႔ ေတာ္ေတာ္ေလးက်ယ္ဝန္းၿပီး ဟန္ဇာမိုးဝင္းအတြက္ အမွတ္တရေတြမ်ားစြာရွိခဲ့တဲ့ ေနရာတစ္ေနရာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဟန္ဇာမိုးဝင္းကေတာ့ သူ႔ရဲ႕အေၾကာင္းကိစၥတစ္ခုနဲ႔ သူျမတ္ႏိုးတဲ့ အိမ္ႀကီးကိုေရာင္းခ်ေနၿပီပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Han Zar Moe Win ‘s fb

error: Alert: Content is protected !!