အမျိုးအရင်းတွေနဲ့ အနုပညာအသိုင်းအဝိုင်းကပါ Boycott လုပ်ခြင်း ပြန်ခံနေရကြောင်း ရင်ဖွင့်လာတဲ့ Russell
သရုပ်ဆောင်၊ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Russell ကတော့ ပြီးခဲ့တဲ့ နွေဦးတော်လှန်ရေးအစကတည်းက ဒီနေ့ဒီအချိန်ထိ ရပ်တည်ချက်၊ ခံယူချက် မပြောင်းလဲသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘဝကို လွတ်လပ်စွာဖြတ်သန်းနေထိုင်တတ်တဲ့ Russell ဟာ သူကိုယ်တိုင်လည်း ပျော်ပျော်နေတတ်ပေမယ့် တော်လှန်ရေးနဲ့ ပတ်သက်တဲ့အရာတွေကိုတော့ အလေးအနက်ထားသူတစ်ယောက်လို့ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ Russell က သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ဖေ့စ်ဘုတ်မှာ Follower ရှာတာမဟုတ်ဘူးဆိုတဲ့အကြောင်းကို ပြတ်သားစွာပြောလာပါတယ်။
Russell က ““ မင်းက နိုင်ငံရေးလုပ်တော့ followers တိုးတာပေါ့ “ တဲ့ ….. မင်းမေSp.. နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။ နိုင်ငံ့အရေးမို့ လုပ်နေရတာဟေး။ နိုင်ငံရေးအကြောင်းလည်း နားမလည်ဘူး ၊ နိုင်ငံရေးသမားတွေလို ထဲထဲဝင်ဝင် တစ်သက်လုံးလုပ်ခဲ့တာမဟုတ်ဘူး ၊ တော်လှန်ရေးအောင်ပြီးရင်လည်း ဆက်လုပ်နေမှာမဟုတ်ဘူး။ အခုက မလုပ်လို့မရ ၊ မပြောလို့မရ ၊ မပါလို့မရတဲ့ တစ်တိုင်းပြည်လုံး အရေးမို့ ။ Social media ပေါ်က စောက်ရေးမပါတဲ့ Followers ကို ဘာလုပ်ရမှာလဲ။ ငါက Follower တွေ တစ်ယောက်မှ မကျန်တော့မှ တော်လှန်ရေးအောင်မြင်မယ်ဆို ဒဲ့ လဲ ပေးမယ်။ Followers က မင်းတို့အတွက် အဲ့လောက် $ ရေးပါနေရင်။”
“တော်လှန်ရေးကာလမှာ အမေ ၊ အဖွား ၊ best friend အရင်းကြီး အကုန် တန်းစ်ီ ဆုံးတာတောင် အသုဘလိုက်ပို့ခွင့်မရခဲ့ဘူး ၊ အမေ့နာမည်နဲ့ ကန်တော့ထားတဲ့ အိမ်လည်း မအလတွေက ချိတ်ပိတ်သွားပြီ ။ အမျိုးအရင်းတွေရော အနုပညာအသိုင်းအဝိုင်းကပါ သူတို့ထိမှာစိုးလို့ ပြန် BC ခံနေရတဲ့ ဘဝ ။ Feb 1 ထဲက မြန်မာပြည်ထဲက အနုပညာအလုပ်မှန်သမျှ အကုန် ရပ်ခဲ့တာ ။ တော်လှန်ရေးအတွက်ကလွဲ Followers နဲ့ လုပ်စားတဲ့ ကြော်ငြာ တစ်ခုမှ မရှိခဲ့ဘူး အာမခံတယ်။ ဒီအချိန်မှာ အချင်းချင်း သွေးစည်းရအောင်ပါ ၊ မအလက ဘုံရန်သူပါ ၊ မအလ နဲ့ မိစ္ဆာတစ်သိုက် မရှိမှ တိုင်းပြည်အမြန် အေးချမ်းမှာပါ ၊ ကျနော်တို့မှာ ကျနော်တို့ပဲ ရှိတာပါ ။” ဆိုပြီး ပြောလာပါတယ်။
Russell ကတော့ အမေတစ်ခု သားတစ်ခုတည်းရှိတဲ့ ဘဝကနေ မိခင်ကွယ်လွန်သွားတဲ့အတွက် မိခင်ရဲ့နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ပေးခွင့်မရှိအောင်ကို နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Russell ကိုချစ်တဲ့ ပရိသတ်တွေကတော့ Russell ရဲ့ ခံယူချက်နဲ့ ရပ်တည်ချက်ကိုလေးစားပြီးသားပါပဲနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Russell ‘s fb