အမေရိကားက International နာရီ အမှတ်တံဆိပ်တစ်ခုနဲ့ အလုပ်အတူတူတွဲလုပ်ဖို့ရှိတယ်ဆိုတဲ့ ဟန်လင်း

သရုပ်ဆောင်နဲ့ မော်ဒယ်လ် ဟန်လင်းကတော့ LGBT အနုပညာရှင်တစ်ယောက်အဖြစ် လူသိများကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ ဟန်လင်းဟာ မြန်မာ့နွေဦးတော်လှန်ရေးအစမှာ လွတ်မြောက်နယ်မြေကိုသွားရောက်ပြီး စစ်ပညာသင်ယူခဲ့တာ နောက်ပိုင်းမှာတော့ နိုင်ငံရေးခိုလှုံခွင့်နဲ့ အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကိုရောက်ရှိပြီးနောက်ပိုင်း နိုင်ငံရေးထက် အသက်ရှင်ရပ်တည်ရေးကို ပိုမိုဦးစားပေးခဲ့တဲ့ ဟန်လင်းဟာ ဒီကနေ့မှာတော့ နာမည်ကြီးနာရီအမှတ်တံဆိပ်တစ်ခုနဲ့ အလုပ်အတူတူတွဲလုပ်ရတော့မယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။ ဟန်လင်းက “International watch brand တစ်ခုနဲ့အလုပ်တူတူတွဲလုပ်ရတော့မယ်ဆိုတော့ ကိုယ့်ရဲ့ရင်ခုန်သံက … 🤍 🔔” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။

ဟန်လင်းကတော့ အမေရိကားရောက်ပြီးမှ တော်လှန်ရေးအတွက် အရင်လို မတက်ကြွတော့ပဲ နာမည်ကြီးအကောင်းစား အသုံးအဆောင်တွေကို ဝယ်ခြမ်းပြခဲ့သေးလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုရရှိခဲ့သေးတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်မြန်မာလူမျိုးတစ်ယောက် အမေရိကားလိုနေရာမျိုးမှာ အနုပညာအလုပ်နဲ့ထိုးဖောက်အောင်မြင်သွားခဲ့မယ်ဆိုရင် ဝမ်းသာဂုဏ်ယူစရာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Han Lin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Han Lin’s fb

error: Alert: Content is protected !!