အမေရိကန်နိုင်ငံ Las Vegas မှာ သမီးတွေနဲ့အတူတူ မင်္ဂလာပွဲထပ်မံကျင်းပခဲ့တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ
ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီးနောက် နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ပြီး မြန်မာပြည်ပြန်ရောက်လာချိန်မှာတော့ သာမာန်ချမ်းသာသူတွေတောင်လိုက်မမှီနိုင်တဲ့အထိ ငွေကြေးဥစ္စာပြည့်ဝလာခဲ့တာပဲဖြစ်ပါတယ်။ စမိုင်းလ်ဟာ အလှူအတန်းတွေနဲ့ ကောင်းမှုကုသိုလ်တွေလည်း အမြဲတမ်းပြုလုပ်လေ့ရှိသလို သူမတို့မိသားစုတွေအတွက်လည်း ပျော်စရာအမှတ်တရတွေအတွက်လည်း ငွေကုန်ကြေးကျခံတတ်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။
ဒီတစ်ခါမှာလည်း စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က သူတို့ရဲ့သမီးလေးတွေနဲ့အတူတူ ခင်မင်ရတဲ့မိတ်ဆွေတွေနဲ့ အမေရိကန်နိုင်ငံ Las Vegas မှာ သမီးတွေနဲ့အတူတူ မင်္ဂလာပွဲထပ်မံကျင်းပခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် စမိုင်းလ်တို့ မိသားစုရဲ့ ပျော်ရွှင်ဖွယ်ရာ အမှတ်တရတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
စမိုင်းလ်တို့မိသားစုကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့နောက် ပြည်သူတွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိခဲ့ကာ သူတို့ကိုယ်တိုင်လည်း အမေရိကန်နိုင်ငံမှာ သွားရောက်နေထိုင်နေခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကိုရောက်ရှိပြီးတဲ့နောက်ပိုင်းမှာ စမိုင်းလ်တို့ဟာ မြန်မာ့နိုင်ငံရေးအတွက် ပါဝင်ခြင်းမရှိတော့တာကိုလည်း တွေ့ရပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Smile ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Smile ‘s fb