အမေရိကန်နိုင်ငံမှာကျင်းပတဲ့ ဆောင်းဦးလှိုင်ရဲ့ စစ်ဘေးရှောင်ပြည်သူများအတွက်ရံပုံငွေဂီတဖျော်ဖြေပွဲကိုသွားရောက်ခဲ့တဲ့ ဇူဇူးမောင်တို့ဇနီးမောင်နှံ

ချစ်စရာကောင်းတဲ့ မြိတ်သူလေး သရုပ်ဆောင် ဇူဇူးမောင်ကတော့ ပရိသတ်တွေအားလုံးသိပြီးသားအတိုင်း အကယ်ဒမီမေသန်းနုရဲ့ တူမလေးပဲဖြစ်ပါတယ်။ ဇူဇူးမောင်ဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေများစွာရိုက်ကူးခဲ့သူဖြစ်ပြီး အိမ်ထောင်ကျပြီးသွားချိန်မှာတော့ အနုပညာအလုပ်တွေရပ်နားလိုက်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူတူ နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ ဇူဇူးမောင်ဟာ သမီးလေးနှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီပဲဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာနေထိုင်ပေမယ့် မြန်မာလူမျိုးတွေနဲ့ အဆက်အသွယ်မပြတ်ရှိကြတဲ့ ဇူဇူးမောင်တို့ ဇနီးမောင်နှံဟာ မနေ့က ဇူလိုင်လ (၁၀) ရက်နေ့မှာလည်း အမေရိကန်နိုင်ငံ Los Angeles မြို့မှာကျင်းပပြုလုပ်တဲ့ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ မြန်မာပြည်စစ်ဘေးသင့်ပြည်သူများအတွက် မိုးရာသီရံပုံငွေ ဖျော်ဖြေပွဲကို သွားရောက်ခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် အဆိုတော်ဆောင်းဦးလှိုင်ကို ဝန်းရံပေးခဲ့တဲ့ ဇူဇူးမောင်တို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဇူဇူးမောင်တို့ဇနီးမောင်နှံကတော့ မြန်မာပြည်ကြီးနဲ့ဝေးနေပေမယ့် မြန်မာ့အရေးကိုမမေ့ထားတဲ့သူတွေဖြစ်ပြီး အခုလို စစ်ဘေးရှောင်ပြည်သူတွေအတွက် ရံပုံငွေဖျော်ဖြေပွဲမှာလည်း အားတက်သရော ဝန်းရံခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့မင်းသမီးလေး ဇူဇူးမောင်ရဲ့ ပုံရိပ်လေးတွေကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Zu Zu Maung ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အေမရိကန္ႏိုင္ငံမွာက်င္းပတဲ့ ေဆာင္းဦးလႈိင္ရဲ႕ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ရံပုံေငြဂီတေဖ်ာ္ေျဖပြဲကိုသြားေရာက္ခဲ့တဲ့ ဇူဇူးေမာင္တို႔ဇနီးေမာင္ႏွံ

ခ်စ္စရာေကာင္းတဲ့ ၿမိတ္သူေလး သ႐ုပ္ေဆာင္ ဇူဇူးေမာင္ကေတာ့ ပရိသတ္ေတြအားလုံးသိၿပီးသားအတိုင္း အကယ္ဒမီေမသန္းႏုရဲ႕ တူမေလးပဲျဖစ္ပါတယ္။ ဇူဇူးေမာင္ဟာ ဗီဒီယိုဇာတ္ကားေတြနဲ႔ ေၾကာ္ျငာေတြမ်ားစြာ႐ိုက္ကူးခဲ့သူျဖစ္ၿပီး အိမ္ေထာင္က်ၿပီးသြားခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြရပ္နားလိုက္ၿပီး ခင္ပြန္းျဖစ္သူနဲ႔အတူတူ ႏိုင္ငံရပ္ျခားမွာ သြားေရာက္ေနထိုင္ခဲ့တာပဲျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ဇူဇူးေမာင္ဟာ သမီးေလးႏွစ္ေယာက္နဲ႔အတူတူ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားၿပီပဲျဖစ္ပါတယ္။

ႏိုင္ငံရပ္ျခားမွာေနထိုင္ေပမယ့္ ျမန္မာလူမ်ိဳးေတြနဲ႔ အဆက္အသြယ္မျပတ္ရွိၾကတဲ့ ဇူဇူးေမာင္တို႔ ဇနီးေမာင္ႏွံဟာ မေန႔က ဇူလိုင္လ (၁၀) ရက္ေန႔မွာလည္း အေမရိကန္ႏိုင္ငံ Los Angeles ၿမိဳ႕မွာက်င္းပျပဳလုပ္တဲ့ အဆိုေတာ္ေဆာင္းဦးလႈိင္ရဲ႕ ျမန္မာျပည္စစ္ေဘးသင့္ျပည္သူမ်ားအတြက္ မိုးရာသီရံပုံေငြ ေဖ်ာ္ေျဖပြဲကို သြားေရာက္ခဲ့ပါတယ္။ ပရိသတ္ႀကီးအတြက္ အဆိုေတာ္ေဆာင္းဦးလႈိင္ကို ဝန္းရံေပးခဲ့တဲ့ ဇူဇူးေမာင္တို႔ဇနီးေမာင္ႏွံရဲ႕ ပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

ဇူဇူးေမာင္တို႔ဇနီးေမာင္ႏွံကေတာ့ ျမန္မာျပည္ႀကီးနဲ႔ေဝးေနေပမယ့္ ျမန္မာ့အေရးကိုမေမ့ထားတဲ့သူေတြျဖစ္ၿပီး အခုလို စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ရံပုံေငြေဖ်ာ္ေျဖပြဲမွာလည္း အားတက္သေရာ ဝန္းရံခဲ့ၾကတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့မင္းသမီးေလး ဇူဇူးေမာင္ရဲ႕ ပုံရိပ္ေလးေတြၾကည့္ၿပီး ေက်နပ္ၾကမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Zu Zu Maung ‘s fb

error: Alert: Content is protected !!