သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းကိုကိုကတော့ မေမေနဲ့တူပြီး ကြွေရုပ်လေးတစ်ရုပ်လို လှပတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားသူဖြစ်ပါတယ်။ မြူလင်းကိုကိုဟာ အနုပညာကိုဝါသနာပါပေမယ့် ဒီနေ့ဒီအချိန်ထိ အနုပညာအလုပ်တွေကို မလုပ်ကိုင်သေးပဲ ပညာရေးကို ဦးစားပေးဖြစ်နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြူလင်းကိုကို အမေ့ခြေရာကိုနင်းပြီး အနုပညာလောကထဲဝင်ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။

မနေ့က မေလ (၈) ရက်နေ့ အမေများနေ့မှာတော့ မြူလင်းကိုကိုဟာလည်း သူမရဲ့မေမေ လင်းဇာနည်ဇော်နဲ့တကွ ကြီးကြီး ချစ်ချစ်ဇော်နဲ့ ဘွားဘွားကြီးတို့ကို ကန်တော့ခဲ့ပါတယ်။ မြူလင်းကိုကိုက မေမေ၊ ကြီးကြီးနဲ့ ဘွားဘွားတို့ကို ပန်းစည်း၊ ကိတ်မုန့်လေးတွေ လက်ဆောင်ပေးပြီး “Happy Mother’s Day to Mommy mum, Aunty mum & Granny mum ♥️♥️♥️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းကိုကိုကတော့ ချစ်စရာကောင်းပြီး လိမ္မာရေးခြားလည်းရှိတာ ပရိသတ်ကြီးမြင်တွေ့ရမှာပါ။ ပရိသတ်ကြီးလည်း ကြည်နူးစရာကောင်းတဲ့ လင်းဇာနည်ဇော်တို့ မိသားစုပုံရိပ်လေးကိုကြည့်ပြီး ကြည်နူးနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Myu Linn Ko Ko ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အမေများနေ့မှာ မေမေ၊ ကြီးကြီးနဲ့ ဘွားဘွားတို့ကို ဦးချကန်တော့ခဲ့တဲ့ လင်းဇာနည်ဇော်ရဲ့သမီးလေး မြူလင်းကိုကို





Yolo

error: Alert: Content is protected !!