နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း သူမကို အားပေးလက်ခံကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဝတ်မှုံရွှေရည်ဟာ ပြီးခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ ဓမ္မဘက်ကနေ ရပ်တည်ဖို့ ဆုံးဖြတ်ချက်မခိုင်မာခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။

အခုဆိုရင် အရင်ကအတိုင်း အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ခဲ့ပြီဖြစ်တဲ့ ဝတ်မှုံရွှေရည်က မနေ့က မေလ (၈) ရက်နေ့ အမေများနေ့မှာ သူမရဲ့မေမေကို ပန်းစည်းလေးလက်ဆောင်ပေးပြီး “ချစ်တယ်မေမေ. Hapy Mother’s Day ပါ ဒီလိုပဲ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားပေးပါနော်” ဆိုပြီး ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ မိဘတွေနဲ့အတူတူနေထိုင်ရင်းနဲ့သာ ဘဝကိုဖြတ်သန်းနေတဲ့ အပျိုကြီးတစ်ယောက်ဆိုလည်း မမှားပါဘူး။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Wutt Hmone Shwe Yi ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အမေများနေ့မှာ မေမေအမြဲတမ်းကျန်းမာပျော်ရွှင်စေဖို့ ဆုတောင်းပေးခဲ့တဲ့ ဝတ်မှုံရွှေရည်





Yolo

error: Alert: Content is protected !!