အမေများနေ့မှာ ဘပီကြိုက်တဲ့ဟော့ပေါ့ကို ဘပီကိုယ်စား အမေ့ကိုဝယ်ကျွေးဖြစ်တယ်ဆိုတဲ့ လပြည့်ကဗျာ
တစ်နိုင်ငံလုံးက ပရိသတ်တွေ လေးစားချင်ခင်ရတဲ့ အဆိုတော်ရေမွန်ကတော့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အောက်မေ့သတိရခြင်းကို ခံနေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန့်ရဲ့ မိသားစုဝင်တွေကတော့ ရေမွန့်ကိုသတိရနေဆဲဖြစ်ပြီး ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အမေများနေ့မှာတော့ လပြည့်ကဗျာက ဘပီကြိုက်တဲ့ဟော့ပေါ့ကို ဘပီကိုယ်စား အမေ့ကိုဝယ်ကျွေးဖြစ်တယ်ဆိုတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။
လပြည့်ကဗျာက “Mother’s day တုန်းက အလုပ်တွေရှုပ်ပီး ဘာမှမလုပ်ပေးလိုက်ရလို့ ဒီနေ့တော့ ဘပီသိပ်ကြိုက်တဲ့ Hot Pot လေးကို ဘပီကိုယ်စား မေကြီးကိုလိုက်ကျွေးဖြစ်တယ်။ အမေတွေရဲ့ ပြောနေကြစကားဖြစ်တဲ့ ပိုက်ဆံအပိုကုန်မယ့်အလုပ်တွေမလုပ်နဲ့ ဈေးကြီးတာတွေ မကျွေးနဲ့လို့ပြောပီး ကြားထဲကနေ နှမြောနေလို့ ကိုယ်ပင်ပင်ပန်းပန်းရှာဖွေထားတာက မိသားစုအတွက်ပဲ သုံးဖို့စွဲဖို့ဖြစ်ကြောင်း ရှင်းပြပီး လိုက်ကျွေးရတယ်။ ဒီထက်အများကြီးဖြည့်ဆည်း ပေးချင်ပါသေးတယ်။ ဘပီလောက်တော့ တာဝန်မကျေနိုင်သေးပေမယ့် ကိုယ့်လုပ်အားခလေးနဲ့ ကိုယ်တတ်နိုင်သလောက်လေး လုပ်ပေးရတာကို ပျော်တယ်။ သိပ်လောဘမကြီးပါဘူး။ ဘဝအမောတွေ စိတ်ဒဏ်ရာတွေများလွန်းလို့ ကျန်ရှိတဲ့ မိသားစုနဲ့ ဘဝကို အပူပင်မရှိ အေးအေးချမ်းချမ်းနေချင်တယ်။ ငွေပိုငွေလျှံလေးတွေရှိတဲ့အခါ လိုအပ်တဲ့နေရာတွေကို လှူမယ်တန်းမယ်။ ကိုယ့်သားလေးကို ပြည့်ပြည့်စုံစုံထားမယ်။ ဒီလောက်ပဲ 😌” ဆိုပြီး ပြောလာပါတယ်။
လပြည့်ကဗျာကတော့ မိသားစုရဲ့ဒေါက်တိုင်ကြီးဖြစ်တဲ့ အစ်ကိုကြီးမရှိတော့ပေမယ့် သူမကိုယ်တိုင်ဦးစီးဦးဆောင်ပြီး အမေနဲ့သားလေးကို ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ရေမွန်လည်း ညီမလေးရဲ့ သိတတ်မှုကို ရောက်ရာဘုံဘဝကနေကြည့်ပြီး ပီတိဖြစ်နေမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Lapyae Gabyar – လပွည့ျ ကဗြာ ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Lapyae Gabyar – လပြည့် ကဗျာ ‘s fb