ချစ်စရာကောင်းကောင်းသလို သွက်သွက်လက်လက် ချက်ချက်ချာချာရှိတဲ့ ခေးဆက်သွင်ကတော့ သူမရဲ့ အပြင်လက်တွေ့ကပုံစံက ပေါ့ပါးပြီး လွတ်လပ်သူဖြစ်ပေမယ့် ဇာတ်လမ်းတွဲတွေမှာတော့ ကျရာကာရိုက်တာအတိုင်း စိတ်ရောကိုယ်ပါ ပြောင်းလဲနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ ကာရိုက်တာတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးချီးကျူးမှုကို အခိုင်အမာရရှိထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင် ခေးဆက်သွင်ဟာ Forever Group နဲ့ လက်တွဲဖြုတ်ခဲ့ပြီဖြစ်ပြီး အနုပညာအလုပ်တွေကို သီးသန့်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

တစ်နေ့ထက်တစ်နေ့ အောင်မြင်လာတာနဲ့အမျှ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း မိဘတွေကိုလည်း အမြဲတမ်းဖြည့်ဆည်းပေးနေတဲ့ ခေးဆက်သွင်ဟာ မနေ့က အမေများနေ့မှာလည်း အမေ့အတွက် အမှတ်တရစကားလေးပြောလာပါတယ်။ ခေးဆက်သွင်က အမေများနေ့မှာ သူမရဲ့မေမေကို Video Call ခေါ်ပြီး “Happy Mother’s Day ညီမလေး.. မမမုန့်ဖိုးလွဲလိုက်မယ်နော်” ဆိုပြီး စနောက်အရွှန်းဖောက်ခဲ့တာပဲဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ သူမရဲ့မေမေနဲ့ သားအမိလိုချစ်ခင်ရုံသာမက သူငယ်ချင်းတွေလို ရင်းနှီးကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ သားအမိနှစ်ယောက်ရဲ့ ရင်းနှီးမှုကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Khay Sett Thwin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အေမနဲ႔ သားအမိလိုသာမကပဲ သူငယ္ခ်င္းလိုပါ ခ်စ္ခင္ရင္းႏွီးၾကေၾကာင္းျပသလာတဲ့ ေခးဆက္သြင္

ခ်စ္စရာေကာင္းေကာင္းသလို သြက္သြက္လက္လက္ ခ်က္ခ်က္ခ်ာခ်ာရွိတဲ့ ေခးဆက္သြင္ကေတာ့ သူမရဲ႕ အျပင္လက္ေတြ႕ကပုံစံက ေပါ့ပါးၿပီး လြတ္လပ္သူျဖစ္ေပမယ့္ ဇာတ္လမ္းတြဲေတြမွာေတာ့ က်ရာကာ႐ိုက္တာအတိုင္း စိတ္ေရာကိုယ္ပါ ေျပာင္းလဲႏိုင္သူတစ္ေယာက္ ျဖစ္ပါတယ္။ ေခးဆက္သြင္ကေတာ့ ဇာတ္လမ္းတြဲေတြမွာ မတူညီတဲ့ ကာ႐ိုက္တာေတြမွာ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ႕ အားေပးခ်ီးက်ဴးမႈကို အခိုင္အမာရရွိထားသူေလးတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ အခုဆိုရင္ ေခးဆက္သြင္ဟာ Forever Group နဲ႔ လက္တြဲျဖဳတ္ခဲ့ၿပီျဖစ္ၿပီး အႏုပညာအလုပ္ေတြကို သီးသန႔္လုပ္ကိုင္ေနလ်က္ရွိတာပဲျဖစ္ပါတယ္။

တစ္ေန႔ထက္တစ္ေန႔ ေအာင္ျမင္လာတာနဲ႔အမွ် အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ရင္း မိဘေတြကိုလည္း အၿမဲတမ္းျဖည့္ဆည္းေပးေနတဲ့ ေခးဆက္သြင္ဟာ မေန႔က အေမမ်ားေန႔မွာလည္း အေမ့အတြက္ အမွတ္တရစကားေလးေျပာလာပါတယ္။ ေခးဆက္သြင္က အေမမ်ားေန႔မွာ သူမရဲ႕ေမေမကို Video Call ေခၚၿပီး “Happy Mother’s Day ညီမေလး.. မမမုန႔္ဖိုးလြဲလိုက္မယ္ေနာ္” ဆိုၿပီး စေနာက္အ႐ႊန္းေဖာက္ခဲ့တာပဲျဖစ္ပါတယ္။

ေခးဆက္သြင္ကေတာ့ သူမရဲ႕ေမေမနဲ႔ သားအမိလိုခ်စ္ခင္႐ုံသာမက သူငယ္ခ်င္းေတြလို ရင္းႏွီးၾကတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေခးဆက္သြင္တို႔ သားအမိႏွစ္ေယာက္ရဲ႕ ရင္းႏွီးမႈကိုၾကည့္ၿပီး သေဘာက်ေနၾကမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Yolo
Source: Khay Sett Thwin ‘s fb

error: Alert: Content is protected !!