အမေဒေါ်အောင်ဆန်းစုကြည်အတွက် ရင်ထဲကဆန္ဒတွေများစွာနဲ့ လေးနက်စွာမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပိုင်တံခွန်

နိုင်ငံကျော်သရုပ်ဆောင် ပိုင်တံခွန်ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် စကစရဲ့ ဖမ်းဆီအကျဉ်းချခြင်းခံခဲ့ရပြီး ပြီးခဲ့တဲ့မတ်လကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာလည်း ပိုင်တံခွန်ဟာ ပြည်သူတွေဘက်ကပဲ အမြဲရှိနေပြီး တစ်ဖက်မှာလည်း သူလုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့မှာတော့ ပိုင်တံခွန်က ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးလာတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က “အမေ မွေးနေ့ကနေစပြီး စိတ်ချမ်းသာမှုအပြည့်နဲ့ အမြဲတမ်းကျန်းမာပါစေလို့ ဆုတောင်းပါတယ်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ပြည်သူ့ခေါင်းဆောင်ကိုထောက်ခံအားပေးပြီး တရားမှုကိုရဲဝံ့စွာဖော်ထုတ်ခဲ့တာကြောင့် စစ်အာဏာရှင်လူတစ်စုရဲ့ဖမ်းဆီးခြင်းခံခဲ့ရသူဆိုပေမယ့် ဒီကနေ့ကျရောက်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် မမေ့မလျော့ မွေးနေ့ဆုတောင်းပေးခဲ့တာ လေးစားဖွယ်စိတ်ထားပါပဲ။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Takhon’s fb

error: Alert: Content is protected !!