အမေဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်လေးစိုက်ပျိုးခဲ့တဲ့ ချစ်သုဝေတို့မိသားစု
သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်လည်းဖြစ်သလို ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်တဲ့ ချစ်သုဝေကတော့ ပရိသတ်ကြီးကြီးငယ်ငယ်အားလုံး လေးစားချစ်ခင်ရသူတစ်ယောက်ပါပဲ။ ချစ်သုဝေဟာ သူမရဲ့တစ်ထေရာတည်းတူတဲ့ ချစ်စရာကောင်းတဲ့ ခေတ်နဲ့သစ်ဆိုတဲ့ အမြွှာသမီးလေးနှစ်ယောက်ကိုလည်း မွေးဖွားထားတာ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ခေတ်နဲ့သစ်ကလည်း အရမ်းကိုချစ်စရာကောင်းကြတာမို့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့လေးဖြစ်ပြီး ချစ်သုဝေတို့မိသားစုက အမေစုရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်လေးစိုက်ပျိုးခဲ့ကြောင်းကို “Audrey Hepburn က ပြောဖူးတယ်တဲ့ “To plant a garden is to believe in tomorrow” ဟုတ်တယ် မနက်ဖြန်တွေကိုယုံကြည်ထားတယ်။ သမီးတို့မျိုးဆက်မှာ အာဏာရှင်စနစ်ဆိုး အဆုံးသတ်ရဖို့ နောက်မျိုးဆက်တွေရဲ့ မနက်ဖြန်တွေ လှပဖို့ စတေးထားရတဲ့အသက်တွေဘဝတွေ အဓိပ္ပါယ်မဲ့မဖြစ်ဖို့ မတရားဖမ်းဆီးအကျဉ်းချခံရတဲ့တစ်ယောက်စီတိုင်း လွတ်မြောက်ဖို့ လူတိုင်း ကိုယ့်ဘဝ ကိုယ်ပြန်ရရှိကြဖို့။ သမီးတို့ပြည်သူတွေ ရင်ဘတ်ချင်းကပ်လျက် ခံနိုင်ရည်တဆုံးတင်လို့ ရှေ့ဆက်နေကြတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာပါစေ.. ၁၉.၆.၂၀၂၂” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ချစ်သုဝေတို့ မိသားစုကတော့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့တာကြောင့် စကစရဲ့ဝရမ်းထုတ်ခံခဲ့ရပြီး လွတ်မြောက်ရာနယ်မြေမှာ တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ ချစ်သုဝေတို့မိသားစုလေးကို အရင်လို ပျော်ပျော်ရွှင်ရွှင်မြင်တွေ့နိုင်ရဖို့ ပရိသတ်တွေအားလုံးက မျှော်လင့်နေကြမယ်ဆိုတာ သေချာပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များမှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Chit Thu Wai’s fb