အမေဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်တိုင်ရေးပုံတူပန်းချီကားနဲ့ မွေးနေ့ဆုတောင်းပေးလာခဲ့တဲ့ ကိုပေါက်ရဲ့ ဗီဒီယို

ပြည်သူချစ် သရုပ်ဆောင်၊ ဒါရိုက်တာကြီး ကိုပေါက်ကတော့ လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာတွေကြားမှာ သူ့ရဲ့ခံယူချက်နဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာပြသနိုင်ခဲ့သူတစ်ယောက်ပါပဲ။ မိသားစု၊ အလုပ်အကိုင် အားလုံး အဆင်ပြေစွာရှိနေတဲ့ ကိုပေါက်ဟာ စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေကိုရောက်ရှိလာခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ရဲဘော်တွေနဲ့ တစ်သွေးတည်းတစ်သားတည်းရှိနေဆဲဖြစ်ပါတယ်။

ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်အားထားတဲ့ ကိုပေါက်ဟာ ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်ပြည့်မွေးနေ့အတွက် သူကိုယ်တိုင် ပုံတူပန်းချီကားလေး ရေးဆွဲပေးခဲ့သလို သာယာကြည်လင်အေးမြတဲ့ မိုးကောင်းကင်ကြီးအောက်မှာ အမေစုရဲ့အပြုံးတွေ မြင်ခွင့်ရချင်ပြီ… ❤️❤️❤️🙏🙏🙏 ဆိုပြီး အခုလိုပဲ မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

ကိုပေါက်ကတော့ သူယုံကြည်လေးစားတဲ့ ခေါင်းဆောင်ကြီးအတွက် ရင်ထဲကဆန္ဒတွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ ကိုပေါက်လည်း ရောက်ရှိနေတဲ့ အရပ်ဒေသမှာ ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Aung Min Naing ‘s fb

error: Alert: Content is protected !!