“အမုန်းမှသည်” ဇာတ်လမ်းတွဲရိုက်ကူးစဉ်က စိတ်ခြောက်ခြားပြီး ကြောက်လန့်စရာကောင်းတဲ့အဖြစ်နဲ့ ကြုံခဲ့ရကြောင်း ပြောပြလာတဲ့ ဆောင်းဝတ်ရည်မေ

“ဝိညဉ်ရှိုက်သံ”ဇတ်လမ်းတွဲမှာ ကြယ်စင်ချိုလေ းအဖြစ်နဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာ အခိုင်အမာနေရာယူထားနိုင်တဲ့ကောင်မလေး ဆောင်းဝတ်ရည်မေကတော့ “အမုန်းမှသည်” ဇာတ်လမ်းတွဲမှာလည်း နေချိုသွေးဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေကို ထပ်မံဖမ် းစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆောင်းဝတ်ရည်မေဟာ “အမုန်းမှသည်” ဇာတ်လမ်းတွဲရိုက်ကူးစဉ်က ကြုံတွေ့ခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

“သူများတွေသရဲခြောက်ခံရကြောင်းပြောနေကြလို့ကိုယ်လည်းပြောပြဦးမယ်။ ကိုယ်ပဲ သရဲခြောက်ခံရတာလား။ အဲ့ညကလက်ဖက်တွေစားအိပ်လို့ သွေးလေခြောက်ချားပြီး ဘီလူးစီးတာလားပဲ ( အမေကတော့ အဲ့လိုပြောတာပဲ ) ။ ဘဝမှာ ပထမဆုံး ဘုရားစားပါမေ့တာပဲ။ ( အရေးအသားမကောင်းရင် ခွင့်လွှတ် ) မနက်ကျပြန်ဖျတ်မယ် 🤗နှစ်ကအတော်ကြာပြီ အမုန်းမှသည်ရိုက်တုန်းကပေါ့ .. နေပြည်တော်ကHotelတစ်ခု့မှာတည်းရတာ အဲ့မှာနေတာလည်း လအတော်ကြာပြီ တစ်ခါမှမဖြစ်ဘူး.. အဲ့တစ်ရက်ပဲကြုံတာ။ ဖြစ်ချင်တော့အဲ့နေ့ကညအိပ်ခါနီး သားအမိနှစ်ယောက် လက်ဖက်တွေစားပြီး ရုပ်ရှင်ကြည့် အိပ်သွားရော။ အိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်နေရတယ်အိပ်နေတာကို ။ အိပ်မက်ထဲမှာလည်း ကိုယ်က အိပ်မက်ပြန်မက်နေသလိုဖြစ်နေတာ။”

“ကိုယ့်ကုတင်းမျက်စောင်းထိုးနားမှာ ဗီဒိုတစ်ခု့ရှိတယ် ..အဲ့နားမှာ တစ်ယောက်ယောက်ရပ်နေပြီး ကိုယ့်ကိုယ်ကြည့်နေတာ ခံစားနေရတယ်။ တစ်ယောက်ယောက်ရှိနေတာကိုလည်းသိနေတယ်.. ( ဒါတွေအားလုံးကို အိပ်မက်ရဲ့အိပ်မက်ထဲမှာပဲမြင်နေသလိုမက်တာ) အမေက ဟိုဘက်ကုတင်မှာ အိပ်နေတယ်။ အမေ့ကို အိပ်မက်ထဲမှာ လှမ်းခေါ်တယ် အမေ.. အမေ နဲ့ အသံကလုံးဝမထွက်ဘူး။ ခေါ်လို့မရဘူး။ အဲ့ ရပ်ကြည့်နေတဲ့ဟာကြီးက ကိုယ့်အနားတဖြည်းဖြည်းနဲ့ တိုးလာတာကို သိနေတယ် အမေ့ကို အိပ်မက်ထဲမှာခေါ်နေတာ လုံးဝကိုမရတာ။ ထသွားဖို့ကြိုးစားတယ် မရဘူး တစ်ကိုယ်လုံးလေးနေသလိုခံစားရတာ။ မသိရင်အောက်ပိုင်းသေတဲ့လူလိုပဲ ခြေထောက်တွေ လုံးဝရွေ့မရဘူး လူရဲ့ လှုပ်ရှားမှု့တွေက အရမ်းနှေးကွေးနေတာ။ ရပ်ကြည့်နေတဲ့ဟာကြီးကလည်း ကိုယ့်နားကို တဖြည်းဖြည်းရောက်လာပြီး အိပ်ယာဘေးကိုရောက်လာတဲ့ထိ အနားလာတာ။ ကိုယ့်မှာ အိပ်မက်ထဲလောင်နေပြီ။ မသိရင် တကယ်ကြီးအပြင်မှာ ကိုယ့်အနားမှာ ရောက်နေသလိုခံစားရတာ။”

“တကယ်ဖြစ်ပျက်နေသလိုပဲ။ အဲ့ရပ်ကြည့်နေတာက ကိုယ့်ကို အသံမထွက်နိုင်မလှုပ်နိုင်မှန်းသိလို့ ရီသလိုလုပ်ပြီး အနားကို ပိုပိုတိုးလာတာ။ နောက်ဆုံးမှ သူမျက်နှာနားရောက်ခါနီးမှ ကိုယ့်မှာ ရုတ်တရက်လန့်နိုးသွားပြီး အမေ့ကို လှမ်းကြည့်ပြီး အမေ့ကုတင်ပေါ်တက်ပြေးပြီး အမေ့ဘေးအိပ်ရတယ်။ အမေက ဘုရားစားဆိုပြီး ပြန်အိပ်လိုက်ပြောလို့ ဘုရားစားတောင် ဩကာသပြီးရင် ဘာဆက်လာလည်းတောင် မမှတ်မိတော့ပဲ ပါးစပ်ကမထွက်နိုင်ပဲမေ့တဲ့ထိဖြစ်သွားတာ အဲ့ဘီရိုနားတောင်ကိုယ့်မှာ မကြည့်ရဲဘူး။ ဘေးကနေရပ်ကြည့်နေတာ မြင်နေရတဲ့ feelingက အဆိုးဆုံးပဲ ။ လန့်နိုးသွားမှ အိပ်မက်ထဲမြင်ရတာသိတာ။ မဟုတ်ရင်အပြင်မှာတကယ်ဖြစ်နေသလိုကြီး…. အဲ့နောက်ပိုင်းကစပြီး အဲ့လိုထပ်ဖြစ်မှာ အရမ်းကြောက်ပဲ ။ ( အဲ့တစ်ခါဖြစ်ပြီးထဲက အခု့ထိ ဘယ်လိုအိပ်အိပ်ဘာမှကိုထပ်မကြုံရတော့ဘူး ဘာမှဖြစ်တော့ဘူး )” ဆိုပြီးပြောပြလာခဲ့ပါတယ်။

ဆောင်းဝတ်ရည်မေကတော့ “အမုန်းမှသည်” ဇာတ်လမ်းတွဲ ရိုက်ကူးစဉ်က တည်းခိုခဲ့တဲ့ ဟိုတယ်အခန်းထဲမှာ အိပ်မက်လိုလိုမက်ခဲ့တဲ့ အဖြစ်အပျက်ဟာ ဒီနေ့ဒီအချိန်ထိ ကြောက်လန့်နေရဆဲလို့ ပြောလာတာပဲဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေရဲ့အဖြစ်ကတော့ ကိုယ်တိုင်သာကြုံရရင် တကယ့်ကိုထိတ်လန့်စရာကြီးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Hsaung Wutyee May’s fb

error: Alert: Content is protected !!