အဖြစ်ဆိုးနဲ့ဇာတ်သိမ်းသွားခဲ့တဲ့ နိုင်လင်းကို လက်ခုပ်လက်ဝါးတီးပြီး အားပေးခဲ့တဲ့ ပရိသတ်တွေကြောင့် ရယ်ရခက် ငိုရခက်ဖြစ်ခဲ့တဲ့ ကျော်ထက်ဇော်

ပါးချိုင့်လှလှလေးတွေရှိတဲ့ မင်းသားချော ကျော်ထက်ဇော်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်ထက်ဇော်က သူ့ရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲ “အမုန်းမှသည်” ကတည်းက အောင်မြင်မှုရရှိခဲ့ပြီး “အချစ်ဖွဲ့လေညှင်း”၊ “မိုးကောင်းကင်အိပ်မက်” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပိုလို့တောင် အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသိလာခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့အပြင် လတ်တလော ထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲကလည်း ကျော်ထက်ဇော်ကို ပိုပြီး အောင်မြင်စေခဲ့တာပဲဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ (၂၁) ရက်နေ့မှာတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားခဲ့ပြီး ကျော်ထက်ဇော်သရုပ်ဆောင်ထားတဲ့ နိုင်လင်းကာရိုက်တာကလည်း အဖြစ်ဆိုးနဲ့ သေသွားခဲ့ရတာပဲဖြစ်ပါတယ်။ နိုင်လင်း သေသွားခဲ့တဲ့ ဇာတ်ဝင်ခန်းကို ကြည့်ရှုသူပရိသတ်တွေက ဝမ်းသာလွန်းလို့ လက်ခုပ်လက်ဝါးတွေတီးပြီးအားပေးခဲ့တဲ့ ဗီဒီယိုကို ကျော်ထက်ဇော်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ Share ပြီး “အားရတယ်ဟေ့ 😅😅 နိုင်လင်းသေတော့လက်ခုပ်တွေတီးကြတယ် ဆိုတာ🤭” ဆိုပြီး အရွှန်းဖောက်လာခဲ့ပါတယ်။

ကျော်ထက်ဇော်ကတော့ မုန်းစရာကောင်းတဲ့ ကာရိုက်တာမှာ ပရိသတ်တွေရဲ့ မုန်းတီးမှုကိုခံခဲ့ရတယ်ဆိုတာ သူ့ရဲ့သရုပ်ဆောင်ကောင်းမှုကို သက်သေပြခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ထက်ဇော်သရုပ်ဆောင်ခဲ့တဲ့ နိုင်လင်း ကာရိုက်တာကို ကျေနပ်အားရမှုရှိရဲ့လားဆိုတာ ပြောပြပေးခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyaw Htet Zaw’s fb

error: Alert: Content is protected !!