အဖေများနေ့မှာ နေအိမ်ဘုရားကျောင်းဆောင်ရှိ ဘုရားစေတီပုံတူတွေကို အနေကဇာတင်ကုသိုလ်ယူခဲ့တယ်ဆိုတဲ့ ဆုထက်လှိုင်
အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဆုထက်လှိုင်ကတော့ 2014 ခုနှစ်က ကျင်းပပြုလုပ်တဲ့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်း လူသိများလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်ဖြစ်သလို အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေပြီဖြစ်တဲ့ ဆုထက်လှိုင်ဟာ ပြီးခဲ့တဲ့လတွေက ထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲထဲက ဒေါ်တင်မေဦးကာရိုက်တာနဲ့ ပရိသတ်အားပေးမှုကို အများအပြားရရှိခဲ့သေးတာပဲဖြစ်ပါတယ်။
လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘုရားတရားကိုကိုင်းရှိုင်းပြီး လူကြီးမိဘအပေါ် သိတတ်မှုရှိတဲ့ ဆုထက်လှိုင်ဟာ ဒီကနေ့မှာလည်း သူမရဲ့နေအိမ်မှာပြုလုပ်ခဲ့တဲ့ ကုသိုလ်လေးကို မျှဝေလာပါတယ်။ ဆုထက်လှိုင်က “တပေါင်းလပြည့်နေ့တွင် နေအိမ်ဘုရားကျောင်းဆောင်သို့ ဉာဏ်တော် ၁၈ လက်မအမြင့်ရှိကြေးဆင်းတုရုပ်ပွါးတော်မြတ်နှင့် ရွှေတိဂုံပုံတူစေတီပင့်ဆောင်၍ အနေကဇာတင် ကုသိုလ်ယူခဲ့ပါတယ် 🙏🏻🙏🏻🙏🏻အဖေများနေ့လည်းဖြစ်တာကြောင့် ဒီနေ့ဒီချိန်ထိ တာဝန်ဝတ္တရားကျေပြွန်လွန်းသော မွေးသဖခင် ကျေးဇူးရှင်ကြီးကိုလည်း အထူးလက်ဆယ်ဖြာထိပ်မှာမိုးရှိခိုးကန်တော့လိုက်ပါတယ်ဖေကြီး 🙏🏻🙏🏻🙏🏻သတ္တဝါအနန္တအားလုံး တဦးပေါ်တဦး မေတ္တာထားမေတ္တာပွါးနိုင်ကြပြီး မေတ္တာအသက်ဆက် ထာဝရထက်တရက်ပို အေးချမ်းနိုင်ကြပါစေ🙏🏻🙏🏻🙏🏻❤️” ဆိုပြီး ပြောလာပါတယ်။
ဆုထက်လှိုင်ကတော့ တပေါင်းလပြည့်နေ့လည်းဖြစ်သလို အဖေများနေ့လည်းဖြစ်တဲ့ နေ့ထူးနေ့မြတ်မှာ ကုသိုလ်တွေပြုရင်း အေးချမ်းစွာဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆုထက်လှိုင်ပြုတဲ့ကုသိုလ်တွေထပ်တူရရှိပြီး သာဓုခေါ်ဆိုနိုင်ကြပါစေနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Su Htet Hlaing ‘s fb