အဖေနဲ့အမေရဲ့ ရပ်တည်ချက်အတွက် ဘယ်တော့မှမငြီးငြူဖူးတဲ့ သားလေးဒါးတရံအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ရန်ရန်ချမ်း

မြန်မာနိုင်ငံမှာ Hip Hop ဂီတအမျိုးအစားကို စတင်သီဆိုခဲ့ကြတဲ့ Acid အဖွဲ့ကတော့ လွန်ခဲ့တဲ့ အနှစ်(၂၀) ကျော်က လူငယ်ပရိသတ်တွေ တစ်ခဲနက်အားေ ပးကြတဲ့ လူငယ်ဂီတအဖွဲ့တစ်ဖွဲ့ပါပဲ။ Acid အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယော က်ဖြစ်တဲ့ ရန်ရန်ချမ်းကလည်း သူ့ရဲ့ သီချင်းတွေကြောင့်သာမကပဲ အထာကျပြီး ချစ်စရာကောင်းလွန်းတဲ့ သူ့ရဲ့ မိသားစုလေးကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ရန်ရန်ချမ်းတို့ဇနီးမောင်နှံဟာ နိုင်ငံရေးလုပ်ဆောင်မှုတွေကြောင့် စကစရဲ့ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး နိုင်ငံရပ်ခြားမှာ တိမ်းရှောင်နေရပြီး တစ်မိသားစုလုံး တိုင်းတစ်ပါးမှာနေထိုင်နေရတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၉) ရက်နေ့ကတော့ ရန်ရန်ချမ်းနဲ့ ချီလီတို့ရဲ့ တစ်ဦးတည်းသောသားလေး ဒါးတရံရဲ့ (၁၀) နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ရန်ရန်ချမ်းကတော့ သူ့ရဲ့ချစ်စရာကောင်းတဲ့ သားလေးဒါးတရံအတွက် “ငါ့သားလေးဘာလိုလိုနဲ့(၁၀)တောင်ရှိသွားပြီ….. #Darr_Tayan ✊ HAPPYBIRTHDAY ✊ အမြဲတရားတဲ့ဘက်မှာရပ်နိုင်ပါစေကွာ ချစ်တဲ့ဖားသားကြီးနဲ့မားသားကြီး Nt Chili” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ရန်ရန်ချမ်းရဲ့သားလေး ဒါးတရံကတော့ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်သူဖြစ်ပြီး အခြေအနေအရ သူ့ရဲ့သူငယ်ချင်းတွေ၊ ကျောင်းတွေနဲ့ ခွဲခွာခဲ့ရပေမယ့် အဖေနဲ့အမေ သွားလေရာ မငြီးမငြူလိုက်နိုင်တဲ့ ကလေးလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးဒါးတရံ ရှေ့လျှောက်ပျော်ရွှင်ခြင်းတွေကိုပဲ ပိုင်ဆိုင်နိုင်ပါစေနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yan Yan Chan ‘s fb

 

Zawgyi Code

 

အေဖနဲ႔အေမရဲ႕ ရပ္တည္ခ်က္အတြက္ ဘယ္ေတာ့မွမၿငီးျငဴဖူးတဲ့ သားေလးဒါးတရံအတြက္ ေမြးေန႔ဆုေတာင္းေပးလိုက္တဲ့ ရန္ရန္ခ်မ္း

ျမန္မာႏိုင္ငံမွာ Hip Hop ဂီတအမ်ိဳးအစားကို စတင္သီဆိုခဲ့ၾကတဲ့ Acid အဖြဲ႕ကေတာ့ လြန္ခဲ့တဲ့ အႏွစ္(၂၀) ေက်ာ္က လူငယ္ပရိသတ္ေတြ တစ္ခဲနက္အားေ ပးၾကတဲ့ လူငယ္ဂီတအဖြဲ႕တစ္ဖြဲ႕ပါပဲ။ Acid အဖြဲ႕ရဲ႕ အဖြဲ႕ဝင္တစ္ေယာ က္ျဖစ္တဲ့ ရန္ရန္ခ်မ္းကလည္း သူ႔ရဲ႕ သီခ်င္းေတြေၾကာင့္သာမကပဲ အထာက်ၿပီး ခ်စ္စရာေကာင္းလြန္းတဲ့ သူ႔ရဲ႕ မိသားစုေလးေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္ျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။ ရန္ရန္ခ်မ္းတို႔ဇနီးေမာင္ႏွံဟာ ႏိုင္ငံေရးလုပ္ေဆာင္မႈေတြေၾကာင့္ စကစရဲ႕ဖမ္းဝရမ္းထုတ္ခံခဲ့ရၿပီး ႏိုင္ငံရပ္ျခားမွာ တိမ္းေရွာင္ေနရၿပီး တစ္မိသားစုလုံး တိုင္းတစ္ပါးမွာေနထိုင္ေနရတာပဲျဖစ္ပါတယ္။

ဒီကေန႔ ဇူလိုင္လ (၉) ရက္ေန႔ကေတာ့ ရန္ရန္ခ်မ္းနဲ႔ ခ်ီလီတို႔ရဲ႕ တစ္ဦးတည္းေသာသားေလး ဒါးတရံရဲ႕ (၁၀) ႏွစ္ျပည့္ေမြးေန႔ပဲျဖစ္ပါတယ္။ ရန္ရန္ခ်မ္းကေတာ့ သူ႔ရဲ႕ခ်စ္စရာေကာင္းတဲ့ သားေလးဒါးတရံအတြက္ “ငါ့သားေလးဘာလိုလိုနဲ႔(၁၀)ေတာင္ရွိသြားၿပီ….. #Darr_Tayan ✊ HAPPYBIRTHDAY ✊ အၿမဲတရားတဲ့ဘက္မွာရပ္ႏိုင္ပါေစကြာ ခ်စ္တဲ့ဖားသားႀကီးနဲ႔မားသားႀကီး Nt Chili” ဆိုၿပီး သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ရန္ရန္ခ်မ္းရဲ႕သားေလး ဒါးတရံကေတာ့ အ႐ြယ္နဲ႔မလိုက္ေအာင္ ရင့္က်က္တည္ၿငိမ္သူျဖစ္ၿပီး အေျခအေနအရ သူ႔ရဲ႕သူငယ္ခ်င္းေတြ၊ ေက်ာင္းေတြနဲ႔ ခြဲခြာခဲ့ရေပမယ့္ အေဖနဲ႔အေမ သြားေလရာ မၿငီးမျငဴလိုက္ႏိုင္တဲ့ ကေလးေလးပဲျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ သားေလးဒါးတရံ ေရွ႕ေလွ်ာက္ေပ်ာ္႐ႊင္ျခင္းေတြကိုပဲ ပိုင္ဆိုင္ႏိုင္ပါေစေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Yan Yan Chan ‘s fb

 

error: Alert: Content is protected !!