အဖေကိုချစ်တဲ့ အိမ်ကမွေးစားသမီးလေးရဲ့ ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးခဲ့တဲ့ ခိုင်နှင်းဝေရဲ့ ဗီဒီယို
သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ကိုယ်ကျိုးကိုမငဲ့ကွက်ပဲ အများအကျိုးအတွက် ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက စောင့်ရှောက်သူမဲ့နေတဲ့ ကလေးတွေကို ရင်အုပ်မကွာပြုစုစောင့်ရှောက်နေသလို စားဝတ်နေရေး ခက်ခဲကြပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေကိုလည်း ကူညီစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသလို မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း တန်ဖိုးထားသူဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ခိုင်နှင်းဝေက သူမရဲ့အိမ်မှာနေတဲ့ ညီမလေးတစ်ယောက်ရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးခဲ့တာကို တွေ့ရပါတယ်။ ခိုင်နှင်းဝေက “အဖေကို ချစ်တဲ့ အိမ်က မွေးစားသမီးလေးရဲ့ ဆန္ဒ တစ်ခုကို အကောင်အထည်လေး ဖော်ပေးဖြစ်ပါတယ်….ကြည်နူး ပီတိလေးလဲ ဖြစ်ခဲ့ရပါတယ်ရှင်..❤️❤️” ဆိုပြီး အဖေ့ကို ဖုန်းအသစ်ဝယ်ပေးချင်ပြီး အမေနဲ့အစ်မကို ကန်တော့ချင်တဲ့ အိမ်ကညီမလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ သူမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို ပျော်ရွှင်အောင် အဆင်ပြေအောင် အမြဲတမ်းဖြည့်ဆည်းပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Khine Hnin Wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်