အဖိုးမဖြတ်နိုင်တဲ့ သမီးရတနာလေးကို (၈) လပိုင်းရောက်ရင် ပိုင်ဆိုင်ရတော့မယ်လို့ ပီတိတွေနဲ့ပြောလာတဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးတွယ်တာတာကြောင့် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ တစ်အိုးတစ်အိမ်ထူထောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်တို့ဟာ အိမ်ထောင်သက်အနည်ငးယ်မှာပဲ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ထားပြီး ထိုရင်သွေးလေးဟာလည်း လူ့လောကထဲကို မကြာခင်အချိန်မှာပဲ ရောက်ရှိလာတော့မယ်လို့ ပြောလာပါတယ်။

ဘေဘီမောင်က “ကျမတို့မိသားစုရဲ့အဖိုးမဖြတ်နိုင်တဲ့သမီးရတနာလေး၈လပိုင်းဆိုရောက်လာတော့မယ်❤️ ဖေဖေဂန်းကြီးအရမ်းပျော် မေကြီးကလည်းပီတိဖြစ်🥰ဒီမေမေဘေဘီကတော့ ပျော်ရွှင်ကြည်နူးမဆုံး😍 အစစအရာရာအဆင်ပြေအောင်ဖန်တီးပေးတဲ့လောကကြီးကိုကျေးဇူးတင်လိုက်တာ🙏🏻🙏🏻🙏🏻🌹 အေးချမ်းတဲ့မိသားစုလေးဖန်တီးပေးတဲ့လောကကြီးရေ😘” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ မကြာခင်လူ့လောကကြီးထဲရောက်ရှိလာတော့မယ့် ရင်သွေးလေးကို မြင်ရဖို့ နေ့ရက်တိုင်းကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင်တစ်ယောက် အဆင်ပြေပြေ မီးဖွားနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Baby Maung ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Baby Maung ‘s fb

error: Alert: Content is protected !!