နိုင်ငံကျော် ဒါရိုက်တာကြီး မောင်သီကတော့ ပြီးခဲ့တဲ့ မေလ (၆) ရက်နေ့ နေ့လည်ပိုင်းက အကြမ်းဖက်မှုတွေကိုလှုံ့ဆော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံခဲ့ရတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ သတင်းပျံ့နှံ့ခဲ့တာပဲဖြစ်ပါတယ်။ ဒါရိုက်တာမောင်သီဖမ်းခံရတဲ့သတင်းအတွက် ပရိသတ်တွေက စိတ်ပူနေခဲ့ရပေမယ့် အဆိုပါသတင်းဟာ မှားယွင်းနေတယ်လို့ ဆိုပါတယ်။
အဖမ်းခံရသူဟာ ဒါရိုက်တောမောင်သီမဟုတ်ပဲ နာမည်တူသူ မောင်သီ ဆိုသူသာဖြစ်ပြီး အဆိုပါလူဟာလည်း သူ့ကိုယ်သူ ဒါရိုက်တာလို့ပြောဆိုခြင်းကြောင့် သတင်းမှားတွေထွက်ပေါ်ခဲ့ရတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းက သိရပါတယ်။ နာမည်တူသူ အဖမ်းခံခဲ့ရတာကြောင့် နားလည်မှုလွဲပြီး ဒါရိုက်တာမောင်သီအဖမ်းခံရတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ရတာပဲဖြစ်ပါတယ်။
ဒါရိုက်တာ မောင်သီအဖမ်းခံရတယ်ဆိုတာမဟုတ်ပဲ နာမည်တူသူတစ်ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒါရိုက်တာမောင်သီဟာလည်း သူ့ရဲ့နေအိမ်မှာပဲရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်ပဲ ဒါရိုက်တာ မောင်သီကို စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် ဦးသီအဖမ်းခံရတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ဘူးဆိုတဲ့အကြောင်းကို မျှဝေပေးလိုက်ရပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: AKonThi ‘s fb
အဖမ်းခံရတဲ့သတင်း မဟုတ်မှန်ဘူးဆိုတဲ့ ဒါရိုက်တာမောင်သီ
Yolo