အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားတဲ့ ခင်ပွန်းသည်ကို လွမ်းရတာ အရမ်းပင်ပန်းလွန်းတယ်ဆိုပြီး ရင်ဖွင့်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ သူမအပေါ် အရမ်းချစ်ပြီး အနွံတာခံသလို သားသမီးတွေအပေါ်မှာလည်း တာဝန်ကျေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အိမ်ထောင်သက် (၄) နှစ်အကြာမှာ သေကွဲကွဲခဲ့ရတာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူကို သတိရတဲ့စိတ်နဲ့ရှင်သန်ရင်း တစ်ဖက်မှာလည်း သားနဲ့သမီးအတွက် အကောင်းဆုံးကြိုးစားရပ်တည်နေတာပဲဖြစ်ပါတယ်။

သေသောသူကြာရင်မေ့ ဆိုတဲ့ စကားနဲ့ ဆန့်ကျင်စွာပဲ ခင်ပွန်းဖြစ်သူနဲ့ပတ်သက်ပြီး အမှတ်တရလေးတွေတွေ့တိုင်း သတိရနေတတ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ ဒီကနေ့မှာလည်း သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အမှတ်တရဓာတ်ပုံလေးကို Share ပြီး ခံစားချက်တွေဖွင့်ဟလာပါတယ်။ နန်းမြတ်ဖြိုးသင်းက “11yrs friendship တဲ့လား? ကောင်းတဲ့ဘုံဘဝကိုရောက်နေမယ်ဆိုတာယုံကြည်ပေမယ့် လွမ်းရတာတော့ပင်ပန်းလွန်းပါတယ်။ ပျော်ရွှင်စရာအမှတ်တရတွေတွက်လဲကျေးဇူးတင်ပါတယ်💕” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူနဲ့ အမှတ်တရဟောင်းတွေဟာ လွမ်းဆွတ်စရာတွေလည်းပါပြီး ကြည်နူးစရာတွေနဲ့အတူတူ ကြေကွဲစရာတွေကိုလည်း ထပ်တူခံစားရတဲ့အကြောင်းကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ နန်းမြတ်တို့ ဇနီးမောင်နှံနှစ်ယောက် နောက်ဘဝဆက်တိုင်းမှာ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nann Myat Phyo Thinn ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အၿပီးတိုင္ႏႈတ္ဆက္ထြက္ခြာသြားတဲ့ ခင္ပြန္းသည္ကို လြမ္းရတာ အရမ္းပင္ပန္းလြန္းတယ္ဆိုျပီး ရင္ဖြင့္ခဲ့တဲ့ နန္းျမတ္ၿဖိဳးသင္း

သ႐ုပ္ေဆာင္ အဆိုေတာ္ နန္းျမတ္ၿဖိဳးသင္းကေတာ့ သူမအေပၚ အရမ္းခ်စ္ၿပီး အႏြံတာခံသလို သားသမီးေတြအေပၚမွာလည္း တာဝန္ေက်တဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ခဲ့ေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ အိမ္ေထာင္သက္ (၄) ႏွစ္အၾကာမွာ ေသကြဲကြဲခဲ့ရတာျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းဟာ ခင္ပြန္းျဖစ္သူကို သတိရတဲ့စိတ္နဲ႔ရွင္သန္ရင္း တစ္ဖက္မွာလည္း သားနဲ႔သမီးအတြက္ အေကာင္းဆုံးႀကိဳးစားရပ္တည္ေနတာပဲျဖစ္ပါတယ္။

ေသေသာသူၾကာရင္ေမ့ ဆိုတဲ့ စကားနဲ႔ ဆန႔္က်င္စြာပဲ ခင္ပြန္းျဖစ္သူနဲ႔ပတ္သက္ၿပီး အမွတ္တရေလးေတြေတြ႕တိုင္း သတိရေနတတ္တဲ့ နန္းျမတ္ၿဖိဳးသင္းဟာ ဒီကေန႔မွာလည္း သူမတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ အမွတ္တရဓာတ္ပုံေလးကို Share ၿပီး ခံစားခ်က္ေတြဖြင့္ဟလာပါတယ္။ နန္းျမတ္ၿဖိဳးသင္းက “11yrs friendship တဲ့လား? ေကာင္းတဲ့ဘုံဘဝကိုေရာက္ေနမယ္ဆိုတာယုံၾကည္ေပမယ့္ လြမ္းရတာေတာ့ပင္ပန္းလြန္းပါတယ္။ ေပ်ာ္႐ႊင္စရာအမွတ္တရေတြတြက္လဲေက်းဇူးတင္ပါတယ္💕” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။

နန္းျမတ္ၿဖိဳးသင္းကေတာ့ ခင္ပြန္းျဖစ္သူနဲ႔ အမွတ္တရေဟာင္းေတြဟာ လြမ္းဆြတ္စရာေတြလည္းပါၿပီး ၾကည္ႏူးစရာေတြနဲ႔အတူတူ ေၾကကြဲစရာေတြကိုလည္း ထပ္တူခံစားရတဲ့အေၾကာင္းကို ဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။ နန္းျမတ္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ ေနာက္ဘဝဆက္တိုင္းမွာ အိုေအာင္မင္းေအာင္ ေပါင္းဖက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Nann Myat Phyo Thinn ‘s fb

error: Alert: Content is protected !!