အနုပညာအလုပ်တွေတစ်ဖက်နဲ့ ပညာရပ်တစ်ခုကိုအောင်မြင်စွာသင်ယူပြီး ဘွဲ့ပါရရှိခဲ့တဲ့ အိစိကွေး

ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ အိစိကွေးကတော့ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရရှိခဲ့သူတစ်ယောက်ပါ။ အိစိကွေးကတော့ အခုဆိုရင် လူပျိုပေါက်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး သူ့ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးနေလျက်ရှိတာပဲဖြစ်ပါတယ်။ လတ်တလောထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာလည်း ဆယ်ကျော်သက်ကျောင်းသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

ငယ်ရွယ်သူတစ်ယောက်ပီပီ ဝါသနာပါရာအလုပ်တွေကို လုပ်ကိုင်နေရသလို တစ်ဖက်မှာလည်း ကျောင်းပညာရေးနဲ့ပတ်သက်ပြီး လစ်ဟင်းမှုမရှိစေတဲ့ အိစိကွေးဟာ ဒီကနေ့မှာတော့ သူ့ဘဝရဲ့အောင်မြင်မှုတစ်ခုကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။ အိစိကွေးက Strategy First University မှာ ပညာရပ်တစ်ခုကို ဆုံးခန်းတိုင်သင်ယူနိုင်ခဲ့ပြီး ဘွဲ့တစ်ခုလည်းရရှိခဲ့ပြီဖြစ်ကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။

အိစိကွေးကတော့ ငယ်ရွယ်သူလေးတစ်ယောက်ပီပီ သူလုပ်စရာရှိတဲ့အလုပ်တွေကို လုပ်ကိုင်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် အိစိကွေးက အစိုးရတက္ကသိုလ်ကိုတော့ တက်ရောက်ခြင်းမရှိသေးပဲ CDM ပြုလုပ်ထားဆဲဖြစ်တာကိုတော့ တွေ့ရပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Eisi Kway ‘s fb

error: Alert: Content is protected !!