အနုပညာလမ်းခရီးမှာ “မမဦး”ကာရိုက်တာလေးနဲ့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဆိုတဲ့ ဆုထက်လှိုင်
“အိပ်မက်ဆုံရာ” သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တဲ့ ဆုထက်လှိုင်ကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ အဆိုတော်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ် ကူးပြောင်းလာခဲ့တဲ့ ဆုထက်လှိုင်ဟာ “ဒေါင်းယာဉ်ပျံဘုံနံဘေးစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ ဒေါ်တင်မေဦးဆိုတဲ့ ကာရိုက်တာနဲ့ အောင်မြင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဆုထက်လှိုင်ကလည်း ဒေါ်တင်မေဦး ကာရိုက်တာဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဆိုပြီး အခုလိုပဲ ပြောလာပါတယ်။
“အနုပညာခရီးလမ်းမှာ မမဦးရယ်လို့ ပရိတ်သတ်ရင်ထဲရောက်စေခဲ့တဲ့ မှတ်တိုင်လေးတခု💜 ဒေါင်းယာဉ်ပျံကပြီးသွားပေမဲ့ မမဦးကတော့ ပရိတ်သတ်နဲ့ မခွဲချင်သေးတာအမှန်😔နောက်ဆုံးအထိ ချောချောမွေ့မွေ့ပြီးသွားစေဖို့အစစအရာရာကူညီပေးသူတွေကို ကျေးဇူးအထူးတင်ပါတယ်နော်🌺🌸🌼 မမဦးဆိုတဲ့နေရာအတွက်ယုံကြည်စိတ်ချစွာရွေးချယ်ပေးခဲ့တဲ့ ဆရာသက် , Mrtv4 မှ ဆရာသမားများ talent center မှ မမေသူစိုး မအိမွန် အဖွဲ့သားများ, ကြောင်ကမ္ဘာမှ ဆရာသမားများ အားလုံးကျေးဇူးအနန္တပါရှင့်♥️🤣 Make up , style ပိုင်းဆိုင်ရာ အပြည့်အဝတာဝန်ယူပုံဖော်ပေးကြတဲ့ make up စိုးသူမနဲ့ အဖွဲ့ , stylist missy lily နဲ့အဖွဲ့ များကိုလည်း ကျေးဇူးကမ္ဘာပါ💙🙏🏻 ဒီကားလေးဟာ အခက်အခဲပေါင်းများစွာနဲ့ရိုက်ကူးခဲ့တာမို့ ဒီကားရိုက်ကူးနေစဉ်အတွင်း စိတ်အား လူအား နှစ်ပြီး support ပေးခဲ့တဲ့ မိဘနှစ်ပါး, အဖွား, ကားအကြိုအပို့လုပ်ပေးခဲ့တဲ့ ဦးလေး အားလုံးကို ရင်နဲ့အမျှ ကျေးဇူးအထူးပါ💕🙏🏻🙏🏻🙏🏻 နောက်ဆုံး အရမ်းနှစ်ဆ ကျေးဇူးတင်ရမှာကတော့ ထမင်းရှင်ပရိတ်သတ်တွေပါပဲ ပရိတ်သတ်အားပေးရကျိုးနပ်တဲ့ အနုပညာရှင်ကောင်းတယောက်ဖြစ်ဖို့ ဆက်ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်ရှင့် 🙏🏻🙏🏻🙏🏻😍” ဆိုပြီး ပြောလာပါတယ်။
ဆုထက်လှိုင်ကတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုကိုရရှိခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆုထက်လှိုင်ရဲ့ ရှေ့ဆက်လျှောက်မယ့် အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Su Htet Hlaing’s fb