အနုပညာရှင်တွေပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကို ဝိုင်းဝန်းဝေဖန်ကြသူတွေအကြောင်း ရှင်းရှင်းလင်းလင်းထောက်ပြပြောဆိုလာတဲ့ ရန်ရန်ချမ်း

အဆိုတော် ရန်ရန်ချမ်းကတော့ လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူတွေဘက်ကို မျက်နှာမူရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ ရန်ရန်ချမ်းဟာ ပြီးခဲ့တဲ့ရက်က မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေ ပြန်လွှတ်ပေးဖို့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ရာ ပရိသတ်အချို့ရဲ့ ဝေဖန်မှုကိုခံရပြီးနောက် ရန်ရန်ချမ်းက အခုလိုပဲပြောလာပါတယ်။

“ကျွန်တော်ဟိုနေ့က အနုပညာရှင်တွေပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့ post တစ်ခုကိုဝိုင်းဝေဖန်ကြတာ ကိုယ့်ဘက်ကလူတွေချီပဲအရမ်းထူးဆန်းတယ်။(ခင်ဗျားတို့လောင်နေကြတာသိပါတယ်)။ ကျွန်တော်ဟာအနုပညာလောကသားတစ်ယောက်ဖြစ်တဲ့အတွက်ကိုယ့်လောကသားတွေအတွက်တောင်းဆိုတာမမှားဘူးထင်တယ်။အဲ့လိုတောင်းဆိုတဲ့အတွက်ကျန်တဲ့လူတွေကိုမလွှတ်ပေးပါနဲ့ဆိုတဲ့အဓိပါယ်လုံးဝမဟုတ်ဘူးဆိုတာလည်းကျွန်တော်ရဲ့ရပ်တည်ချက်နဲ့ဖြတ်သန်းခဲ့တဲ့သမိုင်းကိုကြည့်ရင်အသိသာကြီး။ ခုဝင်ရေးတဲ့သူတွေကိုကြည့်ကြည့်တော့လည်းကျွန်တော်တို့ဒုကပေါင်းများစွာနဲ့ဖြတ်သန်းနေရချိန်ကဘယ်ရောက်နေကြမှန်းမသိတဲ့လူတွေဖြစ်နေတယ် ဆယ်ယောက်လောက်ဒီတိုင်းဝင်ကြည့်တော့လည်းသူတို့ဘာသူတို့နေသာသလိုနေနေကြတဲ့သူတွေဖြစ်နေတယ်။”

“ခင်ဗျားတို့သိအောင်ပြောရရင်ကျွန်တော်ဒီတော်လှန်ရေးမှာဒီနေ့ထက်ထိနိုင်ရာတာဝန်ကိုထမ်းနေတယ်ဆိုတာပဲဘာတွေလုပ်နေပါတယ်ဆိုတာ social media ပေါ်မတင်တာပဲရှိတယ်။ အခုလိုခင်ဗျားတို့စိတ်အစာပြေဖို့အတွက်တက်ညီလက်ညီဝိုင်းပြောနေတဲ့တော်လှန်ရေးဘက်တော်သားတစ်ယောက်စိတ်ပျက်ပြီးလက်လျှော့သွားရင်လူလျှော့သွားရုံကလွှဲပြီးဘာမှအကျိုးမရှိဘူး (ဘယ်လောက်ပြောပြောကျွန်တော်ကလည်းလုပ်စရာရှိတာတော့ဆက်လုပ်နေမှာပဲ)ခင်ဗျားတို့လည်းပြီးရင်နောက်ပြောစရာတစ်ခုနောက်ကိုလိုက်ရှာပြီးပွစိပွစိလုပ်ရုံကလွဲပြီးဘာမှထူးလာမှာမဟုတ်ဘူး။ ကျွန်တော့်ငယ်ပေါင်းသုံးယောက်ကိုပဲပြောမယ် မောင်ကျော်ကတော့အားလုံးအသိပဲ / နောက်တစ်ယောက်ကအိမ်ရှေ့တင်ပစ်သတ်ခံရပြီး /နောက်တစ်ယောက်ထောင်ထဲမှာ ဒါတောင်တစ်ခြားသူငယ်ချင်းတွေမပါသေးဘူး အဲ့ဒီတော့သူပဲခံရတယ်ငါပဲခံရတယ်ပြိုင်ပြောမနေကြပါနဲ့တစ်တိုင်းပြည်လုံးခံနေရတာပါ အာရုံမလွဲပါနဲ့တော်လှန်ရမဲ့သူဘယ်သူဆိုတာသိတယ်မလား☝️”ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ရန်ရန်ချမ်းကတော့ သူကိုယ်တိုင်လည်း တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီလုပ်ဆောင်နေသလို သူ့ရဲ့တောင်းဆိုမှုတစ်ခုကို ဝိုင်းဝန်းဝေဖန်ကြသူတွေရဲ့အကြောင်းကိုကြည့်တော့လည်း နေသာသလိုနေသူတွေသာဖြစ်နေတဲ့အကြောင်းကိုပြောပြလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yan Yan Chan’s fb

အနုပညာရှင်တွေပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကို ဝိုင်းဝန်းဝေဖန်ကြသူတွေအကြောင်း ရှင်းရှင်းလင်းလင်းထောက်ပြပြောဆိုလာတဲ့ ရန်ရန်ချမ်း

အဆိုတော် ရန်ရန်ချမ်းကတော့ လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူတွေဘက်ကို မျက်နှာမူရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ ရန်ရန်ချမ်းဟာ ပြီးခဲ့တဲ့ရက်က မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေ ပြန်လွှတ်ပေးဖို့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ရာ ပရိသတ်အချို့ရဲ့ ဝေဖန်မှုကိုခံရပြီးနောက် ရန်ရန်ချမ်းက အခုလိုပဲပြောလာပါတယ်။

“ကျွန်တော်ဟိုနေ့က အနုပညာရှင်တွေပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့ post တစ်ခုကိုဝိုင်းဝေဖန်ကြတာ ကိုယ့်ဘက်ကလူတွေချီပဲအရမ်းထူးဆန်းတယ်။(ခင်ဗျားတို့လောင်နေကြတာသိပါတယ်)။ ကျွန်တော်ဟာအနုပညာလောကသားတစ်ယောက်ဖြစ်တဲ့အတွက်ကိုယ့်လောကသားတွေအတွက်တောင်းဆိုတာမမှားဘူးထင်တယ်။အဲ့လိုတောင်းဆိုတဲ့အတွက်ကျန်တဲ့လူတွေကိုမလွှတ်ပေးပါနဲ့ဆိုတဲ့အဓိပါယ်လုံးဝမဟုတ်ဘူးဆိုတာလည်းကျွန်တော်ရဲ့ရပ်တည်ချက်နဲ့ဖြတ်သန်းခဲ့တဲ့သမိုင်းကိုကြည့်ရင်အသိသာကြီး။ ခုဝင်ရေးတဲ့သူတွေကိုကြည့်ကြည့်တော့လည်းကျွန်တော်တို့ဒုကပေါင်းများစွာနဲ့ဖြတ်သန်းနေရချိန်ကဘယ်ရောက်နေကြမှန်းမသိတဲ့လူတွေဖြစ်နေတယ် ဆယ်ယောက်လောက်ဒီတိုင်းဝင်ကြည့်တော့လည်းသူတို့ဘာသူတို့နေသာသလိုနေနေကြတဲ့သူတွေဖြစ်နေတယ်။”

“ခင်ဗျားတို့သိအောင်ပြောရရင်ကျွန်တော်ဒီတော်လှန်ရေးမှာဒီနေ့ထက်ထိနိုင်ရာတာဝန်ကိုထမ်းနေတယ်ဆိုတာပဲဘာတွေလုပ်နေပါတယ်ဆိုတာ social media ပေါ်မတင်တာပဲရှိတယ်။ အခုလိုခင်ဗျားတို့စိတ်အစာပြေဖို့အတွက်တက်ညီလက်ညီဝိုင်းပြောနေတဲ့တော်လှန်ရေးဘက်တော်သားတစ်ယောက်စိတ်ပျက်ပြီးလက်လျှော့သွားရင်လူလျှော့သွားရုံကလွှဲပြီးဘာမှအကျိုးမရှိဘူး (ဘယ်လောက်ပြောပြောကျွန်တော်ကလည်းလုပ်စရာရှိတာတော့ဆက်လုပ်နေမှာပဲ)ခင်ဗျားတို့လည်းပြီးရင်နောက်ပြောစရာတစ်ခုနောက်ကိုလိုက်ရှာပြီးပွစိပွစိလုပ်ရုံကလွဲပြီးဘာမှထူးလာမှာမဟုတ်ဘူး။ ကျွန်တော့်ငယ်ပေါင်းသုံးယောက်ကိုပဲပြောမယ် မောင်ကျော်ကတော့အားလုံးအသိပဲ / နောက်တစ်ယောက်ကအိမ်ရှေ့တင်ပစ်သတ်ခံရပြီး /နောက်တစ်ယောက်ထောင်ထဲမှာ ဒါတောင်တစ်ခြားသူငယ်ချင်းတွေမပါသေးဘူး အဲ့ဒီတော့သူပဲခံရတယ်ငါပဲခံရတယ်ပြိုင်ပြောမနေကြပါနဲ့တစ်တိုင်းပြ ည်လုံးခံနေရတာပါ အာရုံမလွဲပါနဲ့တော်လှန်ရမဲ့သူဘယ်သူဆိုတာသိတယ်မလား☝️”ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ရန်ရန်ချမ်းကတော့ သူကိုယ်တိုင်လည်း တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီလုပ်ဆောင်နေသလို သူ့ရဲ့တောင်းဆိုမှုတစ်ခုကို ဝိုင်းဝန်းဝေဖန်ကြသူတွေရဲ့အကြောင်းကိုကြည့်တော့လည်း နေသာသလိုနေသူတွေသာဖြစ်နေတဲ့အကြောင်းကိုပြောပြလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yan Yan Chan’s fb

error: Alert: Content is protected !!